Trending Now

အက်ဖ်ဘီအိုင်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နေအိမ်အား ရှာဖွေခြင်းသည် နျူကလီးယားဆိုင်ရာ စာရွက်စာတမ်းကြောင့်ဟုဆို

Spread the love

အက်ဖ်ဘီအိုင်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နေအိမ်အား ရှာဖွေခြင်းသည် နျူကလီးယားဆိုင်ရာ စာရွက်စာတမ်းကြောင့်ဟုဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၂

အက်ဖ်ဘီအိုင်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်အိမ်၏ မာ-လာဂိုနေအိမ်အား ပြီးခဲသည့် တနင်္လာနေ့တွင် ဝင်ရောက် ရှာဖွေခဲ့ခြင်းသည် နျူကလီးယားဆိုင်ရာ စာရွက်စာတမ်းများကြောင့်ဟု ဝါရှင်တန်ပို့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

အေးဂျင့်များသည် နျူကလီးယားလက်နက်နှင့် အခြားအကြောင်းအရာများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ရှာဖွေနေကြောင်း ဖော်ပြခဲ့သော်လည်း ယင်းစာရွက်စာတမ်းများကို ပြန်လည်ရရှိခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။

ဇန်နဝါရီလတွင် ထရမ့်၏ မာ-လာဂိုအိမ်မှ ပြန်လည်ရယူသည့်ပစ္စည်းများကြားတွင် လွန်စွာ ထိလွယ်ရှလွယ်ဖြစ်ဖွယ် စာရွက်စာတမ်းများအား တွေ့ရှိခဲ့ပြီးနောက် အမျိုးသားမော်ကွန်းတိုက်မှ တရားရေး
ဌာနသို့ ရာဇဝတ်မှုဆိုင်ရာ လွှဲပြောင်းမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံစုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုစုံစမ်းစစ်ဆေးမှုအတွက် အမေရိကန် တရားသူကြီးချုပ် မားရစ်ဂါလင်က ဖလော်ရီဒါရှိ ဒေါ်နယ်ထရမ့်၏ နေအိမ် မာ-လာဂိုနေအိမ်၌ လျှို့ဝှက်စာရွက်စာတမ်းများအား ထပ်မံရှာဖွေရန် အမိန့်စာ ဝရမ်းထုတ်ခဲ့သည်ဟု ဆိုသည်။

ထရမ့်၏ နေအိမ်အား အက်ဖ်ဘီအိုင် ရှာဖွေမှုအပြီးတွင် ထိပ်တန်း ရီပတ်ဘလီကန် ကွန်ဂရက်လွှတ်တော်အမတ်များသည် နိုင်ငံရေးအရ ရည်ရွယ်လုပ်ဆောင်မှုအဖြစ်သတ်မှတ်ကာ ထရမ့်ကို ကာကွယ်ရန်အတွက် ဝန်းရံလာကြသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကလည်း ၎င်းသည် အမှားအယွင်းများမလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုသည် အိမ်ဖြူ တော်သို့ ၎င်းပြန်လာရန် အလားအလာကို နှောင့်နှေးစေရန် ရည်ရွယ်သည်ဟု စွပ်စွဲခဲ့သည်။

တရားရေးဌာန မှ ပြန်လည်ရရှိရန် ကြိုးပမ်းနေသည့် စာရွက်စာတမ်းများ၏ အနေအထားအမှန်အား ဖေါ်ပြထားခြင်း မရှိသော်လည်း စာရွက်စာတမ်းများသည် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများ ဖြစ်ကြောင်း အချက်ပြထားသည်။

source – CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။