Trending Now

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာက ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်တောင်းဆို

Spread the love

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာက ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်တောင်းဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၂

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာက ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်တောင်းဆိုချက်အား လက်ခံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆန်ဂရက် ဗုဒ္ဓဟူးနေ့မှာ လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

သီရိလင်္ကာသမ္မတဟောင် ရာဂျာပက်ဆာသည် ဇူလိုင်လတွင် သီရိလင်္ကာနိုင်ငံမှ ထွက်ပြေးခဲ့ပြီးနောက် လက်ရှိတွင် စင်ကာပူတွင် ဝင်ရောက်ခိုလုံနေသော်လည်း ၎င်းကို ဆန္ဒပြမှုများ ရှိနေသည်။

သီရိလင်္ကာ သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ တစ်ဦးအနေဖြင့် ရက် ၉၀ အထိ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ကြောင်း၊ ၎င်းသည် ယာယီနေထိုင်ခြင်းဖြစ်ပြီး နိုင်ငံရေးခိုလှုံခွင့် မဟုတ်ကြောင်း ဆန်ဂရက်က ပြောကြားခဲ့သည်။

ရာဂျာပက်ဆာသည် သီရိလင်္ကာနိုင်ငံမှ မော်လ်ဒိုက်သို့ ကနဦးထွက်ပြေးပြီးနောက် ဇူလိုင် ၁၄ ရက်တွင် စင်ကာပူသို့ ရောက်ရှိလာပြီး ဒေါသထွက်နေသော ဆန္ဒပြသူများသည် ၎င်း၏တရားဝင်နေအိမ်နှင့် ရုံးခန်းအား ဝင်ရောက်စီးနင်းကာ စီးပွားရေးစီမံခန့်ခွဲမှု လွဲချော်မှုကြောင့် ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရာဂျာပက်ဆာသည် စင်ကာပူနိုင်ငံမှရှိနေစဉ်အတွင်း သမ္မတအဖြစ်မှ နုတ်ထွက်စာတင်ခဲ့သည်။

စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီအပါအဝင် မရှိမဖြစ်လိုအပ်သော သွင်းကုန်များတင်သွင်းရန်အတွက် ဒေါ်လာငွေများ ကုန်သွားသလို နိုင်ငံ၏ နိုင်ငံခြားငွေအရန်ငွေသည် စံချိန်တင်ကျဆင်းသွားပြီးနောက် သီရိလင်္ကာပြည်သူများသည် လအတန်ကြာ ဒေါသကြီးထွားလာခဲ့သည်။

ယင်းနောက် သီရိလင်္ကာနိုင်ငံသား အများအပြားသည် ရာဂျာပက်ဆာအား နိုင်ငံ၏စီးပွားရေးကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

ရာဂျာပက်ဆာ နုတ်ထွက်ပြီးနောက် ရက်ပိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များက ယခင်ဝန်ကြီးချုပ်ဟောင်း ဝက်ခရီမက်ဆင်း အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသော်လည်း ဆန္ဒပြသူအများအပြားက ၎င်းအား ကြေနပ်မှုမရှိခဲ့ကြပေ။

Source – CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။