Trending Now

စားသောက်ဖို့ ရည်ရွယ်ထားတဲ့ တောရိုင်းတိရိစ္ဆာန်အများအပြားကို ထိုင်းရဲတပ်ဖွဲ့သိမ်းဆည်း

Spread the love

စားသောက်ဖို့ ရည်ရွယ်ထားတဲ့ တောရိုင်းတိရိစ္ဆာန်အများအပြားကို ထိုင်းရဲတပ်ဖွဲ့သိမ်းဆည်း

EPN
နိုင်ငံတကာ၊ မတ် ၂

ထိုင်းနိုင်ငံ ဆူဖန်ဘူရီပြည်နယ်မှာ နယ်စပ်ကစားသောက်ဆိုင်တွေကို တင်ပို့ဖို့ ရည်ရွယ်ထားတဲ့ တောရိုင်းတိရိစ္ဆာန်အများအပြားကို ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ သိမ်းဆည်းလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်ရာဇဝတ်မှုနှိမ်နင်းရေးရဲတွေနဲ့ ဒေသခံခေါင်းဆောင်တွေက တောရိုင်းတိရိစ္ဆာန်အများအပြားကို တရားမဝင်သယ်ဆောင်လာတဲ့ လူနှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

သူတို့နဲ့ အတူ varanus salvators(ဖွတ်)အရှင် ၃၂ ကောင်၊ အသေ ၅၉ကောင်၊ လိပ် ၂၈ ကောင်နဲ့ အခြားတောရိုင်းတိရိစ္ဆာန် အသေကောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သားသတ်ရုံဝင်ရောက် စီးနှင်းမှုအတွင်း တိရိစ္ဆာန်တွေ သတ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်း ၁၃ ခု နဲ့ တောရိုင်း တိရိစ္ဆာန်အသေ ၁၁၅ ကောင်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးချက်အရ သူတို့ဟာ တိရိစ္ဆာန်တွေကို အနီးနားပြည်နယ်တွေကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန် စားသောက်ဆိုင်တွေကို ရောင်းချဖို့ ပြင်ဆင်ထားတာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ် စာမျက်နာပေါ်မှာ အသားလုံးပြုလုပ်တဲ့ စက်ရုံတွေမှာ အသုံးပြုတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ မွန်နင်ဂျာသီ ၇၃ နှစ်နဲ့ ပရာဆစ် ၆၇ နှစ် ကို ဘေးမဲသတ္တဝါတွေကို လက်ဝယ်ထားရှိမှု၊ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနဲ့ တရားစွဲဆိုထားပြီး အရေးယူနိုင်ဖို့ ရဲစခန်းကို လွဲပြောင်းပေးအပ်ထားတယ်လို့ သိရပါတယ်။

ref; Monitor lizards, carcasses not destined for meatball factory, say police

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။