Trending Now

ဘရာဇီးနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုနှုန်းက ပြင်သစ်ကို ကျော်တက်ပြီ

Spread the love

ဘရာဇီးနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုနှုန်းက ပြင်သစ်ကို ကျော်တက်ပြီ

EPN
နိုင်ငံတကာ၊ မေ ၃၁

ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၃၃၂၇၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူအရေအ တွက်မှာ ပြင်သစ်နိုင်ငံကို ကျော်ဖြတ်သွားပြီဖြစ်ရာ ယခုအခါ အမေရိကန်၊ ဗြိတိန်နှင့် အီတလီနိုင်ငံပြီးလျင် တတိ ယမြောက် လူသေဆုံးမှုအမြင့်ဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်နောက်ပိုင်း ဓာတ်ခွဲအတည်ပြု ကူးစက်မှု ၄၉၈၄၄၀ အထိ မြင့်တက်လာခဲ့ရာ အမေရိကန်နိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ဒုတိယကူးစက်မှုအများဆုံး တိုင်းပြည်ဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၉၅၆ ဦးထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်းမှာ ၂၈၈၃၄ ဦးအထိ ရှိလာခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက မေလ ၃၀ ရက်တွင် ပြော ကြားခဲ့သည်။

အဆိုးရွားဆုံးအခြေအနေ မရောက်သေးဟူသော ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ၏ သတိပေးချက်များ ရှိနေလင့်ကစား ဘရာဇီးနိုင်ငံရှိ ပြည်နယ်များက ကန့်သတ်ချက်များဖြေလျော့ရန် ပြင်ဆင်လျက်ရှိသည်။

ဘရာဇီးနိုင်ငံ၏ လက်ယာယိမ်းသမ္မတ ဂျာဘိုလ်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို လျော့တွက်ခဲ့ ပြီး စီးပွားရေးလုပ်ငန်းများ ရပ်တန့်စေကာ အလုပ်လက်မဲ့နှင့် အကျပ်အတည်းများ ဖြစ်ပေါ်စေသည့်အတွက် ထိန်းချုပ်ကန့်သတ်မှုများကို ပြစ်တင်ဝေဖန်ခဲ့သည်။

–ကိုးကား–
နိုင်းနယူးစ်
Ref; Brazil surpasses France in virus deaths


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။