Trending Now

တနိုင်းမြို့တွင် တစ်ညအတွင်း နေအိမ်သုံးအိမ်ကို သေနတ်ပြခြိမ်းခြောက်၍ ဓားမြတိုက်မှုဖြစ်ပွား

Spread the love

တနိုင်းမြို့တွင် တစ်ညအတွင်း နေအိမ်သုံးအိမ်ကို သေနတ်ပြခြိမ်းခြောက်၍ ဓားမြတိုက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်တွင် တစ်ညအတွင်း နေအိမ်သုံးအိမ်ကို သေနတ်ပြခြိမ်းခြောက်၍ ဓားမြတိုက်မှု ဇူလိုင် ၂၅ ရက်နေ့ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆွတ်ငိုင်ရပ်ကွက် သာယာသစ်အပိုင်းရှိ ပစ္စည်းများအပေါင်ခံသည့် နေအိမ်သို့ ဇူလိုင် ၂၅ ရက်နေ့၊ ည ၉ နာရီခန့်တွင် အမျိုးသား (၄) ဦး၊ mask တပ်ပြီး ဝင်ရောက်၍ အိမ်ရှင်အား မျက်နှာကိုပုဝါစည်း၍ မှောက်ခိုင်းထားကာ နေအိမ်အတွင်း ပစ္စည်းများရှာဖွေခဲ့ပြီး၊ ရွှေ၊ ငွေများ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းအြပင် ထပ်မံ၍ ဆွတ်ငိုင်ရပ်ကွက်ရှိ နောက်ထပ်နေအိမ်တစ်အိမ်သို့ သွားရောက်ခဲ့ကြကာ သေနတ်ြပခြိမ်းခြောက်၍ ဖုန်းနှင့် ငွေသားများ ယူဆောင်သွားခဲ့ကြပြီး၊ တတိယမြောက်နေအိမ်သို့ ထပ်မံဝင်ရောက်ကာ အိမ်ရှင်အား မေးမြန်းစစ်ဆေးခြိမ်းခြောက်‌ ပြောဆိုခဲ့ကြပြီး ငွေသား (၆) သိန်းကျပ်ကို ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အင်္ဂါနေ့ညက ဖြစ်သွားတာ။ တစ်ညထဲမှာပဲ သုံးအိမ်ကို သေနတ်နဲ့ထောက် ခြိမ်း ခြောက်ပြီး ပိုက်ဆံတွေ၊ ရွှေငွေတွေယူသွားတာ။ အမျိုးသားလေးယောက်လို့ ပြောတယ်။ လူတော့ဘာမှ ထိခိုက်တာမရှိ ပေမယ့် ရဲကိုတိုင်ရင် အသက်အန္တာရယ် ရှိမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ပြောတယ် ” ဟု ၎င်းကဆိုသည်။

တနိုင်းမြို့တွင် ယင်းကဲ့သို့ သေနတ် ထောက် ဓားမြတိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ အဆိုပါ အမျိုးသားလေးဦးကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းရှာဖွေနေကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။