Trending Now

ရှင်ဗွေယန်မြို့တွင် နွေရာသီ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပသွားမည်

Spread the love

ရှင်ဗွေယန်မြို့တွင် နွေရာသီ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပသွားမည်

EPN
မြစ်ကြီးနား၊ မတ်လ ၂၃

ကချင်ပြည်နယ် တနိုင်းခရိုင် ရှင်ဗွေမြို့တွင် မြို့ အုပ်ချုပ်ရေးမှူးဖလား နွေရာသီ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအမျိုးသမီး ဘောလုံးပြိုင်ပွဲ ပြုလုပ်ပေးရခြင်းသည် လူငယ်များ အားကစားကို ပိုမိုမြတ်နိုးလာစေခြင်း၊ ခန္ဓာကိုယ် ကျန်းမာပြီး အချင်းချင်းမိတ်သဟာရ ရရှိစေရန်၊ နေရပ်မတူသော်လည်း အားကစားပြုလုပ်ပေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ရင်းနှီးလာစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ စုပေါင်းဆောင်ရွက်ကာ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်ဗွေယန်မြို့ အုပ်ချုပ်ရေးမူးက ဆိုသည်။

“အဓိက ဒီလိုပြိုင်ပွဲ လုပ်ဆောင်ပေးရတာကတော့ လူငယ်တွေကို ရည်ရွယ်ပြီး ပြုလုပ်ပေးတာပါ၊ ကျောင်းပိတ်ရက်အတွင်း တစ်ဦးနဲ့ တစ်ဦး စိမ်းကားတာမျိုး မရှိရအောင်၊ ဒီအားကစားကို ပိုမြတ်နိုးလာစေရန်ပေါ့ အမျိုးသမီးတွေ အများစုက အားကစားကို စိတ်ဝင်စားတာ‌နည်းကြတာတွေ့ရတယ် ဒါကြောင့် အားကစားကိုချစ်တတ်လာအောင်ပေါ့ ဒီလိုလုပ်တဲ့အခါ သူတို့အတွက်လည်း ကျန်းမာရေးကောင်းလာမယ် တစ်ဦးနဲ့ တစ်ဦးလည်း မသိရင်တောင် မိတ်ဆွေတွေဖြစ်လာမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ပေးရတာပါ”ဟု ၎င်းက ပြောသည်။

ယင်းပြိုင်ပွဲတွင် ရှင်ဗွေယန်မြို့ရှိ ကျေးရွာများမှ လူငယ်များ၊ ရှင်ဗွေယန်မြို့ပေါ်လူငယ်များ၊ ရွှေမှော်ဘက်မှ လူငယ်များ အသက်အရွယ် (၂၅)နှစ်အောက် လူငယ် များ မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ အုပ်စု (A) (B) ဖြင့် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။