Trending Now

တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံး ပစ္စည်းများ လိုအပ်နေ

Spread the love

တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံး ပစ္စည်းများ လိုအပ်နေ

EPN
မြစ်ကြီးနား ၊ မေလ ၂၈

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် ယခုနှစ်ကျောင်းဖွင့်ကာလ ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ လိုအပ်ချက်ရှိနေကြောင်း တနိုင်မြို့နယ်ရှိတိုက်ပွဲရှောင်စခန်းများမှ သိရသည်။

ကလေးငယ်များအတွက် စာသင်ကျောင်းများမှ စာအုပ်၊ခဲတံ၊ ဘောပင်များ ထောက်ပံ့မှုရှိသော်လည်း ရေရှည်အတွက် အခက်အခဲများနိုင်ပြီး ကျောင်းဖွင့်ချိန် မိုးတွင်းကာလအတွက် ကျောင်းသုံးပစ္စည်းများအပြင် ထီး၊ မိုးကား များ လိုအပ်ချက်ရှိနေကြောင်း တနိုင်မြို့နယ် တိုက်ပွဲရှောင်စခန်းများ တာဝန်ခံတစ်ဦးကပြောသည်။

” အခုကျောင်းတွေ လက်ခံတဲ့ အချိန်မှာ ထောက်ပံ့မူတွေ တော့ရှိတယ် ၊ ဒါပေမဲ့ ရေရည်အတွက်တော့ မဖြစ်နိုင်ဘူး၊ နောက်ပြီး အဓိက လိုအပ်တာက ကျောင်းဝတ်စုံတွေလိုအပ်နေတယ်၊နောက်ပြီး ကျောင်းဖွင့်တဲ့အချိန်က မိုးတွင်းဆိုတော့ မိုးကား၊ ထီး ၊ ဒါမျိုးတွေက လိုအပ်နေတယ်၊ ” ဟု ၎င်းကပြောသည်။

အလုပ်အကိုင်ရှားပါးမူပြသနာနှင့် စားဝတ်နေရေး ပြသနာများအကြားမှ ကလေးငယ်များအတွက် ကျောင်းစရိတ် ထောက်ပံ့ရန် အခက်အခဲများ ရှိနေကြောင်း တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသားမိဘတစ်ဦးကပြောသည်။

” အခုကာလမှာ အလုပ်အကိုင်တွေကလည်း ရှားတော့ စားဝတ်နေရေးက ကျနော်တို့အတွက် အဆင်မပြေတာတွေ အခက်အခဲတွေ ဖြစ်နေတယ်၊ တစ်ဖက်မှာကလည်း ကလေးတွေကို ကျောင်းထားရတော့မယ်၊ ကျောင်းတက်ရင်လဲ မုန့်ဖို့ အပြင်၊ အဝတ်အစားဖိုး၊ စာအုပ်ဖိုး၊ တစ်ခြားအတွက်တွေလဲ ကုန်အုံးမယ်၊ ထောက်ပံ့မှု တွေတက်နိုင်သလောက်ရမယ်ဆို အဆင်ပြေနိုင်တာပေ့ါ၊ ” ဟု ၎င်းကပြောသည်။

လက်ရှိ တနိုင်မြို့နယ်တိုက်ပွဲရှောင်စခန်းများတွင် ကျောင်းနေအရွယ်ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။