Trending Now

ပြည်တွင်းပြည်ပ ရုပ်ရှင်တွေကို တရားမဝင်ပြသနေတဲ့ ဖေ့စ်ဘုတ် ပေ့ချ်တွေ နဲ့ ဝက်ဘ်ဆိုက်တွေကို အမြန်ဆုံးအရေးယူမယ်

Spread the love

ပြည်တွင်းပြည်ပ ရုပ်ရှင်တွေကို တရားမဝင်ပြသနေတဲ့ ဖေ့စ်ဘုတ် ပေ့ချ်တွေ နဲ့ ဝက်ဘ်ဆိုက်တွေကို အမြန်ဆုံးအရေးယူမယ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ပြည်တွင်းပြည်ပ ရုပ်ရှင်တွေကို တရားမဝင်ပြနေတဲ့ ဖေ့စ်ဘုတ် ပေ့ချ်တွေ နဲ့ ဝက်ဘ်ဆိုက်တွေကို အပြန်ဆုံး အရေးယူဖို့လိုအပ်တယ်လို့ တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်ကပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အနုပညာဖန်တီးမှုတွေကို တရားမဝင်ခိုးယူဖြန့်ချိခြင်းနဲ့ပတ်သက်ပြီး ကာကွယ်တားဆီးရေးအဖွဲ လုပ်ငန်း ညှိနှိင်း အစည်းအဝေးမှာ ဦးရဲတင့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

နည်းပညာ တိုးတက်လာမှုနဲ့အတူ ရုပ်ရှင် ၊ ဗီဒီယို ၊ ရုပ်သံဇာတ်လမ်းတွဲတွေ တရားမဝင် ခိုးယူဖြန့်ချိမှု တွေကြောင့်စက္ကန့်နဲ့အမျှ နစ်နာမှုတွေ ဖြစ်ပေါ်လာခြင်းကို ကာကွယ်တားဆီးနိုင်ဖို့အတွက် အမြန်ဆုံးအရေးယူဖို့ လိုအပ်တယ်လို့လည်း ဦးရဲတင့်က ထည့်သွင်းပြောဆိုထားပါတယ။်

အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်ပါက နောင်တစ်ချိန် တွင် အဆိုးရွားသည့် မူပိုင်ခွင့်ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တဲ့အပြင် အခြားမသမာသူတွေက စီးပွားရေးအရ တရားမဝင် လုပ်ကိုင်လာနိုင်ပါကြောင်း ဒုတိယဝန်ကြီးကပြောဆိုခဲ့ပါတယ်။

ခိုးယူထားတဲ ရုပ်ရှင်၊ဗီဒီယိုတွေကို ကိုယ်ကျိုးစီးပွားအတွက် အွန်လိုင်းပေါ်မှာ တရားမဝင်ပြသနေသလို လောင်းကစားအခြေပြု Platform တွေ တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးကဏ္ဍတွေ ထူထောင်ခြင်းနဲ့ ဥပဒေမဲ့ဆောင်ရွက်မှု တွေလည်း နေ့စဉ်နဲ့အမျှ ပိုမိုများပြားလာနေတဲ့အတွက် အမြန်ဆုံးအရေးယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။