Trending Now

အထူးကုဆေးကုသရေး အဖွဲ့၏ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုတွင် ကချင်ပြည်နယ်အတွင်းမှ လူနာ (၁၀၀၀)ကျော်ကို ကုသပေးခဲ့

Spread the love

အထူးကုဆေးကုသရေး အဖွဲ့၏ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုတွင် ကချင်ပြည်နယ်အတွင်းမှ လူနာ (၁၀၀၀)ကျော်ကို ကုသပေးခဲ့

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့၏ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုတွင် ကချင်ပြည်နယ် အတွင်းမှ လူနာ (၁၂၄၂)ဦးကို ကြည့်ရှုကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အထူးကုဆေးကုသရေးအဖွဲ့မှ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့က ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့တွင် အခြေပြုကာ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၈)မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေသူများအား ကြည့်ရှုကုသပေးခဲ့ကြောင်း သိရသည်။

နှလုံးရောဂါဆိုင်ရာ လူနာ (၁၃၈)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၁၂၁)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ (၄၃)ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာ လူနာ (၁၅၃)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၁၀၉)ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ (၉၇)ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာ (၁၉)ဦး၊ အထွေထွေရောဂါဆေးပညာ လူနာ (၅၉)ဦး၊ အရိုးအကြောအဆစ်ရောဂါ လူနာ (၆၂)ဦး၊ အရိုးရောဂါ လူနာ (၁၄၅)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ (၁၁၄)ဦး၊ ကလေးနှလုံးရောဂါ လူနာ (၃၅)ဦး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၃၉)ဦး၊ အထွေထွေ ခွဲစိတ်ရောဂါ လူနာ (၁၃)ဦး၊ သားဖွားမီးယပ်ရောဂါ လူနာ (၂၆)ဦး၊ သွားနှင့် ခံတွင်း လူနာ (၁၇)ဦး၊ မျက်စိရောဂါဆိုင်ရာ လူနာ (၄၈)ဦး၊ အရေပြားရောဂါ လူနာ (၃)ဦး စုစုပေါင်း လူနာ (၁၂၄၁)ဦးတို့ကို ကြည့်ရှုကုသ ပေးခဲ့ကြောင်း သိရသည်။

ယင်းလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၈၁)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၂၂)ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (၄)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း (၁၇)ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၁၉)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၉၇)ဦး၊ ဓာတ်ခွဲစမ်းသပ်သူ (၂၈၃) ဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း (၅၄) ဦး၊ Ultrasound ရိုက်ကူးခြင်း (၉၈)ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) (၂၅၇)ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၃၉) ဦး၊ ဦးခေါင်းတွင်းသွေးခဲ လူနာ (၁)ဦးတို့ကိုလည်း ခွဲစိတ်ကုသပေးခဲ့ကာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ (၂၅)ဦး၊ ကလေးနှလုံးရော ဂါ လူနာ (၄)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ လူနာ (၄၄)ဦး၊ အထွေထွေခွဲစိတ်ကုသ လူနာ (၁) ဦးတို့ကိုလည်း လိုအပ်သည့် စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ် (၁၉) ရောဂါကာကွယ်ဆေးဖြင့် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါဝေဒနာရှင် (၇၀)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးကုဆေးကုသရေးအဖွဲ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင်-၅၅၀ဆံ့ က လေးဆေးရုံကြီး (မန္တလေး)နှင့် မျက်စိ၊ နား၊ နှာ ခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး (မန္တလေး)တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။