Trending Now

ဂျပန်တောင်ပိုင်း၌ ရေကြီးမှုများ၊ မြေပြိုကျမှုများကြောင့် ရှစ်ဦး ပျောက်ဆုံး၊ သုံးဦး ဒဏ်ရာရ

Spread the love

ဂျပန်တောင်ပိုင်း၌ ရေကြီးမှုများ၊ မြေပြိုကျမှုများကြောင့် ရှစ်ဦး ပျောက်ဆုံး၊ သုံးဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၄
 

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူသုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ ရှစ်ဦး ပျောက်ဆုံးပြီးနောက် ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းသို့ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ထောင်နှင့်ချီသော တပ်ဖွဲ့များ စေလွှတ်နေကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့ ပြောကြားလိုက်သည်။

ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားလျက်ရှိရာ ကူမာမိုတိုပြည်နယ်တွင် ဒဏ်ရာရရှိခဲ့သူသုံးဦးမှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြခဲ့သည်။
“မနက်ဖြန်အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်လို့ ပြည်သူတွေအနေနဲ့ အမြင့်ဆုံးအဆင့် သတိရှိဖို့ လိုအပ် ပါတယ်။ တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ကူမာမိုတိုဒေသကို စေလွှတ်မှာဖြစ်ပါတယ်” ဟု ရှင်ဇိုအာဘေးက ပြောသည်။

ရုပ်သံဖိုင်များတွင် နေအိမ်များ၊ ကားများ ရေအောက်နစ်မြှုပ်သွားခဲ့ပြီး ကူးမားမြစ်ရေကြောင့် နေအိမ်အ ချို့နှင့် တံတားတစ်စင်း ရေစီးနှင့်မျောပါသွားခဲ့သည်။

ဂျပန်မိုးလေဝသဌာနက ကနဦးတွင် သတိပေးချက်ကို အဆင့်လျော့ချခဲ့သော်လည်း မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများ၊ မြေပြိုကျမှုများက ဒေသတွင်း ယခင်က မမြင်တွေ့ဖူးကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနက ဆိုသည်။

ကူမာမိုတိုနှင့် ကုဂိုရှီးမားစီရင်စုများမှ အိမ်ထောင်စု ၉၂၂၀၀ ကျော်မှ ပြည်သူ နှစ်သိန်းကျော်ကို ဘေး လွတ်ရာရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

–ကိုးကား–
ရိုက်တာ
Ref; Japan sends troops as 8 missing, 3 injured in Kyushu floods


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။