Trending Now

အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ် ပတ်သက်နေတဲ့ ခင်ဦးမြို့က ရဲဝန်ထမ်း လင်မယားကို ဖမ်းဆီးခံရ

Spread the love

အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ် ပတ်သက်နေတဲ့ ခင်ဦးမြို့က ရဲဝန်ထမ်း လင်မယားကို ဖမ်းဆီးခံရ
EPN
ခင်ဦး၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း လင်းမယားကို ဖေဖော်ဝါရီ၊ ၂၄ ရက်၊ မနေ့က နေ့ခင်းပိုင်းမှာ အကြမ်းဖက်သမားတွေနဲ့ ဆက်သွယ်အားပေး ကူညီထောက်ပံ့တယ်ဆိုကာ ဖမ်းဆီးလိုက်တယ်လို့ ရဲအသိုင်းအဝိုင်းထံက သိရပါတယ်။
“ရဲတပ်ဖွဲ့ဝင်ဖြစ်ပြီး၊ တပ်ဖွဲ့အပေါ် သစ္စာမဲ့တဲ့ လုပ်ရပ်တွေအတွက် ဖမ်းဆီးလိုက်တာပါ၊ ရဲတပ်ကြပ် သူရထွန်းနဲ့ သူ့မိန်းမ ပပခိုင် တို့ ၂ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတာပါ” လို့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တယ်ဆိုကာ အဖမ်းခံထားရတဲ့ ရဲတပ်ကြပ် သူရထွန်း ဆိုသူ ကို လတ်တလော ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ စစ်ဆေးအရေးယူမှာဖြစ်ပြီး၊ အဲ့ဒီ စစ်ဆေးချက်တွေမှာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပတ်သက်တာ တွေ့
ရှိခဲ့ရင် ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွေနဲ့ နယ်ဘက်မှာ ထပ်မံလို့ တရားစွဲခံရ နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
“အခုတလော ခင်ဦးနယ်မှာက အကြမ်းဖက်သမားတွေ ရှင်ရော၊ အသေပါ ဖမ်းဆီးရမိတာတွေ ရှိတယ်၊ သူရထွန်းနဲ့ ဆက်စပ်တဲ့ အထောက်အထား တစ်ခုခု သက်ဆိုင်ရာက ရထားလို့ဖြစ်နိုင်တယ် ” လို့ ဖမ်းဆီးခံရသူနဲ့ လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းတစ်ယောက်က ပြောပါသေးတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။