Trending Now

သာကေတမြို့နယ်တွင် အနှေးယာဥ်တစ်စီးအား ကားတစ်စီးကတိုက်၍ အနှေးယာဥ်နင်းသူ အသက်ကြီးပိုင်း အမျိုးသားသေဆုံး

Spread the love

သာကေတမြို့နယ်တွင် အနှေးယာဥ်တစ်စီးအား ကားတစ်စီးကတိုက်၍ အနှေးယာဥ်နင်းသူ အသက်ကြီးပိုင်း အမျိုးသားသေဆုံး

EPN
ရန်ကုန်၊ မတ် ၉ (၂၀၂၄)

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့၊ မနက်ပိုင်းက အနှေးယာဥ်တစ်စီးကို ကားတစ်စီးမှ တိုက်မိခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဒီကနေ့၊ မနက် ၆ နာရီကျော်လောက်က သာကေတမြို့နယ်၊ ဝေဇယန္တာလမ်းမထိပ်၊ ဝေဇယန္တာမှတ်တိုင်တွင် ကားတစ်စီးမှ အနှေးယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့သောကြောင့် သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် အသက် (၆၅)နှစ်ခန့်ရှိ အနှေးယာဥ်နင်းသူ အမျိုးသားမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ အောင်နိုင်သူ လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။