Trending Now

ထိုင်းရေနံတင်သင်္ဘော ပေါက်ကွဲမှုကြောင့် မြန်မာ ၇ ဦးအပါအဝင် ၈ ဦးသေဆုံး

Spread the love

ထိုင်းရေနံတင်သင်္ဘော ပေါက်ကွဲမှုကြောင့် မြန်မာ ၇ ဦးအပါအဝင် ၈ ဦးသေဆုံး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆွန်ဆောင်ခရမ်ပြည်နယ်မှာ ရေနံတင်သင်္ဘော ပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အဏာပိုင်တွေက ယမန်နေ့က ပြောကြားခဲ့ပါတယ်။

ထိုင်းအမျိုးသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ခုနစ်ဦး သေဆုံးခဲ့ကြောင်း စမွတ်ဆွန်ခရမ်မြို့ အုပ်ချုပ်ရေးမှူး ဆွန်နွတ်ဖရမ်ကီက ကယ်ဆယ်ရေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မောင်း ခရိုင် မဲခေါင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတစ်ခုမှာ ရေနံတင်သင်္ဘော ဆိုက်ကပ်စဉ် ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ အမည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပမေယ့် ခရိုင်အုပ်ချုပ်ရေးမှူး ရဲ့ အဆိုအရ ဒဏ်ရာရသူလေးဦးကို ဒေသဆိုင်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် သက်သာလာတဲ့ တစ်ဦးဟာ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ခရိုင်ခွဲနှစ်ခုမှာ ရှိတဲ့ အိမ်ထောင်စု ၉၇ စုထက်မနည်း ထိခိုက်ခံစားခဲ့ရပြီး အဆိုပါ ပေါက်ကွဲမှုဒဏ်ခံခဲ့ရတဲ့ နေရာတွေကို အများပြည်သူ အရေးပေါ်ခြေအနေဖြစ် ကြေညာထားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဆီတင်သင်္ဘောပေါ်မှာ လောင်စာဆီ လီတာ ၃၀,၀၀၀ ရှိနေသေးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက သိရပါတယ်။

အခင်းဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ပဏာမ တွေ့ရှိချက်များကို ၁၀ ရက်အတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။

— ကိုးကား —
xinhua
ref; Death toll in central Thailand oil tanker explosion rises to 8

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။