Trending Now

ကချင်အရပ်ဘက်အဖွဲ့အစည်း သုံးဆယ်ကျော်နှင့် ဒေသခံပြည်သူများက သမ္မတထံ အိပ်ဖွင့်စာပေးပို့

Spread the love

ကချင်အရပ်ဘက်အဖွဲ့အစည်း သုံးဆယ်ကျော်နှင့် ဒေသခံပြည်သူများက သမ္မတထံ အိပ်ဖွင့်စာပေးပို့
 

EPN
မြစ်ကြီးနား၊ မတ် ၂၆

ကချင်ပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း (၃၄)ခုနှင့် ဒေသခံပြည်သူများက ယနေ့ (မတ် ၂၆)ရက်နေ့ တွင် COVID-19 နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့ကြသည်။

သမ္မတထံပေးပို့သည့် အိပ်ဖွင့်ပေးစာတွင် COVID-19 ဆိုင်ရာ အကြောင်းအရာ ၆ချက်ကို ထည့်သွင်းပေးပို့ထားပြီး အဓိကအားဖြင့်တောင်းဆိုချက် (၈)ချက်ကို ထည့်သွင်းတောင်းဆိုခဲ့ကြသည်။

အိတ်ဖွင့်စာပေးပို့တောင်းဆိုရာတွင် ပြည်ထောင်စုနှင့် ပြည်နယ် အစိုးရအနေဖြင့် COVID-19 ကာကွယ်ခြင်းထိန်းချုပ်ခြင်း မဟာဗျူဟာနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများရှိပါက ပွင့်လင်းမြင်သာစွာချပြရန်လိုအပ်ကြောင်း၊ COVID-19 ကာကွယ်တားဆီးနေမှုအခြေအနေများကို အများပြည်သူသိရှိစေရန် အချိန်နှင့် တစ်ပြေးညီတင်ပြပေးလိုကြောင်းနှင့် ဤသို့သတင်းအချက်အလက်များ တင်ပြရာတွင် တိုင်းရင်းသားဘာသာစကားဖြင့် ပြင်ဆင်ကာ တင်ပြပေးစေလိုကြောင်း ယင်းအိတ်ဖွင့်စာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။

ထို့အပြင် COVID-19 ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းစဉ်များအတွက် ကော်မတီဖွဲ့စည်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များထည့်သွင်းပေးစေလိုကြောင်း၊ လုပ်ငန်းလုပ်ဆောင်မှုတွင် သီးခြားရန်ပုံငွေ ချထားပေးရန်နှင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်လာလျှင် ပြည်နယ်နှင့် ဒေသန္တရ အဆင့်အဖွဲ့အစည်းများကို ဆုံးဖြတ်ဆောင်ရွက်ခွင့်ပေးထားရန် လိုလားကြောင်း ပေးပို့ တောင်းဆိုခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ တစ်သျှုးငှက်ပျော် စိုက်ပျိုးခင်းများတွင်တရားမဝင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့်တရုတ်နိုင်ငံ ဒေသအသီးသီးမှ ပြန်လာ သူများကို စနစ်တကျ စောင့်ကြည့်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးစေလိုကြောင်းလည်း ထည့်သွင်းတောင်းဆိုခဲ့ကြသည်။

ယခုကဲ့သို့ COVID-19 အန္တရာယ်ကျရောက်နေချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်နယ်စပ်ဂိတ်များကိုပိတ်သိမ်းပေးရန် ဒေသခံပြည်သူများဆန္ဒပြတောင်ဆိုမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် KSPPပါတီတို့ က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုမှုများရှိခဲ့ပြီး ယနေ့အိတ်ဖွင့်စာပေးပို့ရာတွင်လည်း နယ်စပ်ဂိတ်များမှ ညအချိန်တရားမဝင် ဝင်ထွက်သွားလာနေသည့် ကုန်တင်ကားကြီးများကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့သည်။

အဆိုပါ အိတ်ဖွင့်စာပေးပို့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ UCFကျောင်းဝင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများက ပေးပို့သည့် အိတ်ဖွင့်စာကို ကျေးရွာပေါင်း ၈ ရွာမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက ထောက်ခံခဲ့ကြကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။