Trending Now

ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ထံမှ ကျပ်သိန်းသုံးရာ ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ထံမှ ကျပ်သိန်းသုံးရာ ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း ၃၀၀ ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဇန်နဝါရီ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း လွယ်ဂျယ်နယ်မြေရဲစခန်းမှ သိရသည်။

လွယ်ဂျယ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ လွယ်ဂျယ်-မံကောင်း သွားကားလမ်းတွင် အောင်မျိုး မောင်းနှင်ပြီး ဝေဠုအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၃၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၆၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အောင်မျိုး (၂၂)နှစ် နှင့် ဝေဠုအောင် (၂၅)နှစ်တို့အား လွယ်ဂျယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားလျှက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။