Trending Now

ယူကရိန်းမြို့တော်အနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချသွားမယ်လို့ ရုရှားက ပြော

Spread the love

ယူကရိန်းမြို့တော်အနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချသွားမယ်လို့ ရုရှားက ပြော

EPN

နိုင်ငံတကာ၊ မတ် ၃၀

ယူကရိန်းနဲ့ ဆွေးနွေးမှုအား ယုံကြည်မှု တိုးလာစေရန်အတွက် ကိယက်ဗ်နှင့် ချာနီဟစ်မြို့တစ်ဝိုက်မှ ထိုးစစ်ဆင်မှုများကို အခြေခံအားဖြင့် လျော့ချသွားမယ်လို့ ရုရှားက ပြောဆိုလိုက်ပါတယ်။

ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲကို အစ္စတန်ဘူလ်တွင် ပထမဆုံး အဆုံးသတ်ခဲ့ပြီးနောက် ယူကရိန်းဘက်မှ စေ့စပ်ညှိနှိုင်းရေးမှူးများက ရုရှားရဲ့ အဓိကတောင်းဆိုချက်များထဲမှ တစ်ခုဖြစ်တဲ့ ကြားနေနိုင်ငံ အဆင့် သဘောတူရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ရုရှားဘက်က ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ယူကရိန်းစစ်တပ်က ရုရှားရဲ့ ကတိကဝတ်ဟာ စစ်ရေးအရ လှည့်ဖြားရန် ရည်ရွယ်ဖွယ်ရှိနေတာနဲ့ ရုရှားဘက်က ဆက်လက်တိုက်ခိုက်ဖို့ သိသာထင်ရှားသော အလားအလာရှိနေဆဲဖြစ်လို့ ယူကရိန်းရဲ့ ခံစစ်ပိုင်းကို လျော့ချသွားမှာ မဟုတ်ဘူး လို့ ယူကရိန်း သမ္မတ ဇလန်ဇကီကပြောဆိုခဲ့ပါတယ်။

ရုရှား-ယူ ကရိန်းဆွေးနွေးပွဲအတွင်း ရုရှားရဲ့ ကြားနေနိုင်ငံတောင်းဆိုချက်အား ယူကရိန်းလုံခြုံရေးအတွက် အာမခံပေးမည့် နိုင်ငံတကာသဘောတူညီချက်တစ်ရပ် ပေါ်ပေါက်လာပါက လက်ခံသွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း တင်းမာမှုလျှော့ချရေး ကတိအတိုင်း ရုရှားနိုင်ငံသားများ လိုက်နာဆောင်ရွက်သွားမည်ဆိုပါက အနောက်နိုင်ငံများက အသိအမှတ်ပြုရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိယူကရိန်းနိုင်ငံမှာ ရှားကျူးကျော်မှု စတင်ကတည်းက အရပ်သား ၁,၁၇၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၈၆၀ ဦး ဒဏ်ရာရခဲ့တယ်လို့ လည်း ကုလသမဂ္ဂက ဆိုပါတယ်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။