Trending Now

လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားသည့် မြို့နယ်မီးသတ်ဦးစီးမှူးအား ရက်သတ္တပတ်ကြာအထိ ဆက်သွယ်မရဟုဆို

Spread the love

လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားသည့် မြို့နယ်မီးသတ်ဦးစီးမှူးအား ရက်သတ္တပတ်ကြာအထိ ဆက်သွယ်မရဟုဆို

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်တွင် ဇန်နဝါရီလ (၁၂)ရက်နေ့က အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မီးသတ်အရာရှိတစ်ဦး ပျောက်ဆုံးနေသည့်မှာ ရက်သတ္တပတ် ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အထိ အဆက်အသွယ် မရရှိသေးကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။

ယင်းမီးသတ်အရာရှိ ဦးပြည့်ငြိမ်း ဆိုသူအား ဇန်နဝါရီလ (၁၂)ရက်နေ့ ည (၈)နာရီအချိန်ခန့်က ထမင်းဆိုင်တစ်ဆိုင်၌ အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ထောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၎င်း၏ မိတ်ဆွေ တစ်ဦးက ပြောပြသည်။

“သူက အမြဲတမ်း မီးသတ်ရုံးအရှေ့က ထမင်းဆိုင်မှာ ထမင်းစားနေကြ၊ အဲ့နေ့က (၈) နာရီလောက်မှာ ထမင်းစားနေတုန်း သေနတ်အတိုနဲ့ ထောက်ပြီး ပါကျဲဒိုးကားနဲ့ ခေါ်သွားတာ၊ သူနဲ့အတူ သာသနာရေးအဖွဲ့ က တစ်ယောက်လဲ ခေါ်သွားတာ၊ ဘယ်ကိုခေါ်သွားလဲဆိုတာ အဲ့နေ့ထဲကနေ အခုထိ အဆက်အသွယ်လဲ မရတော့ဘူး၊ ဒီနေ့နဲ့ ဆိုရင် (၇) ရက်နေကြာပြီ ”ဟု ၎င်း၏ မိတ်ဆွေ တစ်ဦးက ပြောပြ ယသည်။

ယင်းမီးသတ်အရာရှိ ဦးပြည့်ငြိမ်း ဆို သူမှာ ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကာ ၎င်းအား မည်သည့်အဖွဲ့မှ ဖမ်းဆီးသွားသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းနှင့် အတူ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် သာသနာရေးအဖွဲ့ မှ ကိုပြည့်ဖြိုးဇော် ကို ယင်းနေ့မှာပင် ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယင်းကဲ့သို့ အစိုးရ ဝန်ထမ်းများနှင့် ပုဂ္ဂိုလ်အချို့ကို လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသည့် ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အေးမြသာယာရပ်ကွက် မှော်မောင်းလျှံ သွား လမ်းဘေး အမှိုက်ပုံအနီး အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသားတစ်ဦး၏ သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။