Trending Now

အမေရိကန် ရေတပ်လေယာဉ် ထိုင်ဝမ်ရေလက်ကြားကို ကျော်ဖြတ်မှု တရုတ် တုံ့ပြန်

Spread the love

အမေရိကန် ရေတပ်လေယာဉ် ထိုင်ဝမ်ရေလက်ကြားကို ကျော်ဖြတ်မှု တရုတ် တုံ့ပြန်

EPN
နိုင်ငံတကာ၊ မတ် ၁

ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအကြားမှာရှိပြီး နိုင်ငံရေးအရ အကဲဆတ်တဲ့ ရေပြင်ဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန် ရေတပ် ကင်းလှည့်လေယာဉ်တစ်စင်း ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။

P-8A Poseidon အမျိုးအစား လေယာဉ်တစ်စင်းဟာ အဲဒီရေလက်ကြားက နိုင်ငံတကာဝေဟင်ကို ဒေသအချိန် တနင်္လာနေ့မှာ ဖြတ်ကျော်ပျံသန်းခဲ့တယ်လို့ အမေရိကန် အမှတ် (၇) ရေယာဉ်အုပ်စုက ဆိုပါတယ်။

ဒီလေယာဉ်ဟာ နိုင်ငံတကာဥပဒေနဲ့အညီ ပျံသန်းခဲ့ပြီး ဒီပျံသန်းမှုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်ကို သရုပ်ပြဖို့ဖြစ်တယ်လို့ အဲဒီ အမေရိကန် ရေယာဉ်အုပ်စုက မှတ်ချက်ပြုခဲ့ပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် က သူ့ရဲ့ တပ်ဖွဲ့တွေဟာ ရေလက်ကြားကိုဖြတ်ပျံခဲ့တဲ့အဲဒီ အမေရိကန်လေယာဉ်ကို အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဌာနက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ “အမေရိကန်ဘက်က အခုလို လုပ်ဆောင်မှုတွေဟာ ဒေသတွင်း အနေအထားတွေကို တမင်တကာ ဝင်ရောက်စွက်ဖက် နှောင့်ယှက်တာဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အန္တရာယ်ဖြစ်စေတယ်။ ကျွန်ုပ်တို့အနေနဲ့ ဒါကို ဆန့်ကျင်တယ်” လို့ ဆိုထားပါတယ်။

source: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။