Trending Now

အင်းတော်ကြီးဒေသ အထင်ကရ နေရာများသို့ လည်ပတ်ခွင့် ယာယီ ပိတ်မည်

Spread the love

အင်းတော်ကြီးဒေသ အထင်ကရ နေရာများသို့ လည်ပတ်ခွင့် ယာယီ ပိတ်မည်

EPN
အင်းတော်ကြီး၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အထင်ကရ နေရာများသို့ လည်ပတ်ခွင့်ကို ဇွန်လ ၁၁ ရက်နေ့မှ စ၍ ယာယီပိတ်ထားမည် ဖြစ်ကြောင်း အင်းတော်ကြီးဒေသ အုပ်ချုပ်ရေး အဖွဲ့မှ သိရသည်။

အင်းတော်ကြီးဒေသသို့ မေလ နောက်ဆုံးအပတ်ခန့်မှ စတင်ကာ လာရောက်လည်ပတ်သူများ တစစ များလာသဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အင်းတော်ကြီးဒေသ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကချင်ပြည်နယ်မှာက ပိုးလဲ ထပ်မတွေ့တော့တာက တစ်ကြောင်း၊ အခု အင်းတော်ကြီးကန်ထဲက နတ်လမ်းကို လာကြည့်ကြတာ၊ ဘုရားဖူးလာရောက်ကြသူတွေ တစစများလာတော့၊ ယာယီပိတ်မှ အဆင်ပြေမယ်ဆိုပြီး တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ နယ်မြေရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ များ မီးသတ်တပ်ဖွဲ့ ဝင်များ ပူးပေါင်း၍ အဖွဲ့ ၄ဖွဲ့ခွဲကာ ဇွန်လ ၁၁ ရက် နံနက် ၇ နာရီ အချိန်မှ စ၍ ဇွန်လ ၁၅ ရက်နေ့အထိ အင်းတော်ကြီးဒေသ၌ရှိ (၁) အင်းတော်ကြီးမြို့၊ ဟိုဖာကုန်းရှုခင်းသာ၊ (၂)နန့်ပဒဲရွာ-ရွှေမဉ္ဇူဘုရားအဝင်မုဒ်ဦးနေရာ၊ (၃) ရွှေမဉ္ဇူ ရေလယ်ဘုရားအတွင်းနေရာ၊ (၄)လွဲမွန် ကျေးရွာ၊ မုဆိုးမခြေရာ စသည့် နေရာ၄နေရာ တို့တွင် လူစုလူဝေးလာရောက်မှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။