Trending Now

ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့သည့် သီရိပျံချီ ဦးဇခုန်တိန့်ယိန်း အား မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တွေ့ဆုံဂုဏ်ပြု

Spread the love

ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့သည့် သီရိပျံချီ ဦးဇခုန်တိန့်ယိန်း အား မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တွေ့ဆုံဂုဏ်ပြု

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ် အထူး‌ဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း အား မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဒီဇင်ဘာလ ၂၁ ရက် ယနေ့ နံနက်ပိုင်းတွင် မြေမြင့်ရပ်ကွက်ရှိ ဦးဇခုန်တိန့်ယိန်း၏ နေအိမ်သို့ သွားရောက်၍ တွေ့ဆုံဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဂုဏ်ပြုပွဲတွင် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ယခုနှစ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်သော သီရိပျံချီ၊ ဝဏ္ဏကျော်ထင်ဘွဲ့များ ရရှိခဲ့သည့် ကချင်ပြည်နယ် အထူး‌ဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်း အား ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် သျှမ်းရိုးရာပလိုင်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အမှတ်တရ စုပေါင်း ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ပြီး ရင်းရင်းနှီးနှီး စကားလက်ဆုံ ပြောဆိုကာ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ တည်ခင်းဧည့်ခံသည့် သျှမ်းရိုးရာကောက်သစ်စားပွဲကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ယင်းဂုဏ်ပြုပွဲသို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌ ဦးစိုင်းထွေးမောင်နှင့် ဗဟိုကော်မတီဝင်များ၊ ကချင်ပြည်နယ် အထူးဒေသ (၁)၊ မြစ်ကြီးနားဆက်ဆံရေးရုံးမှ ဦးခင်မောင်ကျော်၊ ဦးယော်ယိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။