Trending Now

ပူတာအိုမြို့၌ ကမ္ဘာ့ကပ်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

Spread the love

ပူတာအိုမြို့၌ ကမ္ဘာ့ကပ်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

EPN
ပူတာအို၊ မတ် ၃၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မတ် (၃၀)ရက် နံနက် (၆)နာရီခွဲက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူကြည့်ရှုလေ့လာနိုင်သော နေရာများ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် အများပြည်သူများသိရှိလိုက်နာရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်
အချက်များပါဝင်သည့် ဗီနိုင်းပိုစတာများစိုက်ထူခဲ့ကြပြီး မြို့မဈေး(မနက်ဈေး)၊ ဟိုခိုဈေး(အောက်ချိုင့်ဈေး) များတွင် မြန်မာနှင့်ကချင်နှစ်ဘာသာဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ဝေထားသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့်လုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့် အောင်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။