Trending Now

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားဒုံးကျည်ထိမှန်လို့ ၃ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရ

Spread the love

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားဒုံးကျည်ထိမှန်လို့ ၃ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇွန် ၂၈

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကရာမာတို့စ် မြို့က လူစည်ကားတဲ့နေရာတွေကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ရုရှားနိုင်ငံက ဇွန်လ ၂၈ ရက်နေ့မှာ ကရာမာတို့စ် မြို့ကို S-300 မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ နောက်ထပ်သေဆုံးသူတွေနဲ့ ဒဏ်ရရှိသူတွေရှိနိုင်တယ်လို့ ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

“၂၀၀၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ် အပါအဝင် လူ ၃ ဦးရဲ့ အလောင်းတွေကို အပျက်အစီးကနေ ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၂၀၂၂ ခုနှစ်မှာ မွေးတဲ့ ကလေးတစ်ဦးပါဝင်ပါတယ် ” လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ဒုံးကျည်တစ်ခုဟာ မြို့အတွင်းက နာမည်ကြီး ပီဇာ စားသောက်ဆိုင်တစ်ခုကို ထိမှန်ခဲ့ပြီး လူ ၄၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ဝန်ဆောင်မှုက ပြောပါတယ်။

Ref;DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။