Trending Now

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

Spread the love

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့စ်က ရာထူးကနေ နှုတ်ထွက်ကြောင်း ဝန်ကြီးချုပ် ဆူနက်ထံကို ဒီနေ့ စာတစ်စောင်ရေးသားပြီး အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

သူပေးပို့လိုက်တဲ့ စာထဲမှာ ဝန်ကြီးချုပ် ဆူနက်ရဲ့ ရုရှားကိုဆန့်ကျင်တဲ့ ယူကရိန်းကို ပံ့ပိုးကူညီမှုတွေ ဦးဆောင်အခန်းကဏ္ဍကနေ ယူဆောင်လာခဲ့တဲ့ “စေတနာနဲ့ ကျွမ်းကျင်မှု” ကို ချီးကျူးခဲ့ပါတယ်။

“မင်း ငါတို့နိုင်ငံကို ထူးထူးခြားခြား ထမ်းဆောင်ခဲ့တယ်” လို့ ဆူနက်ကို ရေးသားခဲ့ပြီး “ယူကရိန်းကို ထိုးစစ်ဆင်နေတဲ့ ဗလာဒီမာပူတင်ရဲ့ ရည်ရွယ်ချက်အမှန်ကို တခြားသူတွေ မသိခင်ကတည်းက သူမြင်နေခဲ့တယ်” လို့ ပြောပါတယ်။

“ရုရှားက မတိုက်ခိုက်ခင်ကတည်းက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ဖို့ မင်းချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျူးကျော်မှုကို ဟန့်တားမယ့် ယူကရိန်းစစ်သားတွေရဲ့ စွမ်းရည်နဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိခဲ့တယ်” လို့ ဝေါလေ့စ်က ဆူနက်ကို ရေးသားထားပါတယ်။

လက်ရှိအချိန်မှာတော့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးချုပ်နေရာကို စစ်ရေးအတွေ့အကြုံမရှိတဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဂရန့် ရှပ် ကို အစားထိုးခန့်အပ်ထားတယ်လို့ သိရပါတယ်။

ဝေါလေ့စ်ဟာ ဗြိတိန်လွတ်တော်မှာ ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝင်စတန်ချာချီ နောက်ပိုင်း ကွန်ဆာဗေးတစ် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အသက်(၅၃)နှစ်အရွယ် ဗြိတိန်ကာ ကွယ်ရေးဝန်ကြီးဘင်ဝေါလေ့စ်ဟာ နှုတ်ထွက်တော့မယ်လို့ ဇူလိုင် ၁၅ ရက်နေ့ကတည်းက ကြေညာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ် ဆူနက်ကို တရားဝင်အကြောင်းကြားပြီး နှုတ်ထွက်သွားတာဖြစ်ပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။