Trending Now

မြောက်ဒဂုံ ဘေလီတံတားအဆင်းတွင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား

Spread the love

မြောက်ဒဂုံ ဘေလီတံတားအဆင်းတွင် အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား

EPN
ရန်ကုန်၊ ဧပြီ ၂၆ (၂၀၂၄)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဘေလီတံတားအဆင်းတွင် ယမန်နေ့၊ ညပိုင်းက အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့၊ ည ၉ နာရီ၃၄ မိနစ်ခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်ရှိ ဘေလီတံတားအဆင်းတွင် TOYOTA Belta ကား မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးငြှိမ်းသတ်ခဲ့ကြရာ ည ၉ နာရီ ၃၉ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး၊ မီးလောင်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ကားတစ်စီးလုံးမှာမူ မီးလောင်ပျက်စီးသွားခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။