Trending Now

ကိုဗစ်-၁၉ ကြောင့် စပိန်က ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်း ဒုတိယအများဆုံး တိုင်းပြည်ဖြစ်လာ

Spread the love

ကိုဗစ်-၁၉ ကြောင့် စပိန်က ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်း ဒုတိယအများဆုံး တိုင်းပြည်ဖြစ်လာ

EPN
နိုင်ငံတကာ မတ် ၂၆

စပိန်နိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ တရုတ်နိုင်ငံကို ကျော်တက် သွားခဲ့ပြီး တစ်ရက်အတွင်း ၇၃၈ ဦး ထပ်မံသေဆုံခြင်းကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၃၄၃၄ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သေဆုံးသူမြင့်တက်လာခြင်းမှာ စုစုပေါင်း ၇၅၀၃ ဦး သေဆုံးခဲ့သည့် အီတလီနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ဖြစ်လာခဲ့သည်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင် သေဆုံးသူ ၃၂၈၁ ဦးရှိခဲ့သည်။

ကူးစက်လူနာ ၄၇၆၁၀ ဦးအထိ မြင့်တက်လာခဲ့သည့် ကိုဗစ်-၁၉ ဖြစ်ပွားမှုထိန်းချုပ်ရန် စပိန်နိုင်ငံက ပြည် သူများ အသွား၊အလာပြုလုပ်ခွင့် ပိတ်ပင်ထားသည့် ၁၁ ရက်မြောက်နေ့တွင် သေဆုံးသူဦးရေကို ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂလာနေ့ကတည်းက ဆေးရုံတက်ရောက်နေသည့် စပိန်ဒုတိယဝန်ကြီးချုပ် ကာမန်းကယ် လ်ဗိုမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး အခြေအနေတိုးတက်လာပြီဟု အစိုးရက ပြောသည်။ ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်၏ အစိုးရအဖွဲ့ဝင်နှစ်ဦးလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရသည်။

သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းက စပိန်နိုင်ငံ၏ ကျန်းမာရေးစနစ်ကို ပြိုလဲလုနီးပါး အခြေအ နေရောက်ရှိစေခဲ့သည်။ ရှေ့တန်းလုပ်သားများနှင့် ကျန်းမာရေးဝန်ထမ်း ၅၄၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံထား ရခြင်းကြောင့် စမ်းသပ်စစ်ဆေးရန်၊ ကုသရန်နှင့် အကာအကွယ်ပေးရန် ဆေးဝါးကိရိယာများပြတ်လပ်မှု စပိန်နိုင်ငံ က ရင်ဆိုင်နေရသည်။

ထိုပြဿနာဖြေရှင်းရန် အစိုးရက တရုတ်နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗေဒိုအီလာက ပြောသည်။

ယူရို ၄၃၂ သန်းတန်ကြေးရှိ သဘောတူညီချက်အရ စပိန် နိုင်ငံက တရုတ်နိုင်ငံမှ မျက်နှာဖုံး ၅၅၀ သန်း၊ စစ်ဆေးရေးကိရိယာ ၅ ဒသမ ၅ သန်း၊ အသက်ရှုစက် ၉၅၀ နှင့် လက်အိတ် အစုံ ၁၁ သန်း ဝယ်ယူမည်ဖြစ်သည်။

–ကိုးကား–အက်စ်ဘီအက်စ်နယူး
Ref; Spain’s national COVID-19 death toll second only to Italy as country turns to China for help


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။