Trending Now

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာဘက်က ကန့်ကွက်ထားမှုအပေါ် ICJ တရားရုံးက ဇူလိုင် ၂၂ ရက်နေ့ တွင် အမိန့်ချ ဆုံးဖြတ်မည်

Spread the love

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာဘက်က ကန့်ကွက်ထားမှုအပေါ် ICJ တရားရုံးက ဇူလိုင် ၂၂ ရက်နေ့ တွင် အမိန့်ချ ဆုံးဖြတ်မည်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၂

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာဘက်က ကန့်ကွက်ထားမှုပေါ် ICJ တရားရုံးက ဇူလိုင် ၂၂ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီတွင် အမိန့်ချ ဆုံးဖြတ်မည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ICJ တွင် ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံပေါ် တရားစွဲထားမှုတွင် ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်မရှိဟု မြန်မာနိုင်ငံဘက်က ကန့် ကွက်ထားခြင်းဖြစ်သည်။

တရားခွင်၌ အများပြည်သူဝင်ရောက်ခွင်အား ပိတ်ထားဆဲဖြစ်သည့်အတွက် တရားရုံးအဖွဲ့ဝင်များနှင့် အမှုကို ပါဝင်သည့် နိုင်ငံမှ ကိုယ်စားလှယ်များသာ တရားခွင်၌ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သံတမန်အဖွဲ့ဝင်များနှင့် ပြည်သူများသည် တရားရုံး၏ တိုက်ရိုက်ထုတ်လွှင့်သည့် ဝဘ်ဆိုဒ်အပြင် ကုလသမဂ္ဂ ဝဘ်တီဗီ၊ ကုလသမဂ္ဂ အွန်လိုင်း ရုပ်မြင်သံကြား ချန်နယ်တို့မှ စောင့်၍ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။