Trending Now

ရွေးကောက်ပွဲတရားမျှတမှုရှိစေရန်အတွက် မှတ်ပုံတင်ရှိမရှိ တစ်အိမ်တက်တစ်အိမ်ဆင်း စိစစ်ကြရန် န.စ.က ဒုဥက္ကဋ္ဌ ပြောကြား

Spread the love

ရွေးကောက်ပွဲတရားမျှတမှုရှိစေရန်အတွက် မှတ်ပုံတင်ရှိမရှိ တစ်အိမ်တက်တစ်အိမ်ဆင်း စိစစ်ကြရန် န.စ.က ဒုဥက္ကဋ္ဌ ပြောကြား

EPN

ရွေးကောက်ပွဲတရားမျှတမှု ဖြစ်စေရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ရှိ/မရှိ တစ်အိမ်တက်တစ်အိမ်ဆင်း စိစစ်ကြရန် န.စ.က ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောကြားလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်သည့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စာရင်းဇယားမှန်ကန်တိကျရန် အဓိကလိုအပ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်က ပြောကြားခဲ့သည်။

ထို့ကြောင့် စာရင်း တိကျမှန်ကန်စေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနများနှင့်ပေါင်းစပ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးချင်းစီတိုင်း နိုင်ငံသား စိစစ် ရေးကတ်ရှိမရှိ၊ လဝက ပုံစံ ၆၆/၆ ရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်းစိစစ် ဆောင်ရွက်သွားကြရန် န.စ.က ဒုဥက္ကဌ က မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကတ်စာရင်းနှင့် လဝက ပုံစံ ၆၆/၆ များကို ရရှိ ပြီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များသို့ ပူးပေါင်းအဖွဲ့များဖြင့် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသည့် ၂၀၂၃ ခုနှစ်မတိုင်မီ မြေပြင်စာရင်း မှန်ကန်မှုရှိ၊မရှိ ပြီးစီးအောင်တိုက်ဆိုင် စစ်ဆေးဆောင်ရွက် သွားကြရန်လည် ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ စာရင်းများကို ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ အတွက် အချိန်မီပြီးစီရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ နယ်မြေအလိုက် ၂ လအတွင်း အချိန်မီ ပြီးစီးနိုင်ရေး စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၎င်းက မှာကြားပြောဆိုခဲ့သည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။