Trending Now


Spread the love

EPN
ေ​ဒါက်​တာဘွမ်​ယွန်​အ​နေဖြင့်​ စစ်​ကိုင်းတိုင်း အထွက်​ ကချင်​ပြည်​နယ်​ အဝင်​နန့်​စီအောင်​မြို့နှင့်​ မြစ်​ကြီးနားမြို့ လယ်​​ ရထားဘိုတာအနီးတွင်​ထပ်​မံစိုက်​ထူပြသ​ပေးသွားဖို့ရှိ​ကြောင်း​သိရသည်​။
လွမ်း​အောင်
့်မြစ်ကြီးနားမြို့တွင် ကျပ်သိန်းထောင်ချီ တန်ဖိုးရှိ ကျောက်စိမ်းတုံးပြသထားရှိ
EPN
မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁၂
၇၂နှစ်မြောက် ပြည်ထောင်စု နေ့ကိုဂုဏ်ပြုသောအနေဖြင့် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ဆမားလမ်းဆုံ၌ ပြသထားရှိသည့် ကျပ်သိန်းထောင်ချီ တန်ဖိုးရှိ မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူဖွင့် ပွဲအခမ်း အနားကို ယနေ့(ဖေဖော်ဝါရီလ ၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျောက်စိမ်းတုံးကြီးကို အလှူ ရှင် ဘန်လွန်ဒူဝါ ဒေါက်တာဘွမ်ယွန်မှ လှူဒါန်း ထားပြီးကျောက်စိမ်းတုံး၏ အရွယ်အစားမှာ မြင့်ပေမှာ ၈ပေ၊အကျယ်လေးပေခွဲခန့်ရှိပြီး ချိန်တန်အလေးချိန် (၉ဒသမ၇)တန်ခန့်ရှိကြောင်း သိရသည်။
“ဒီကျောက်စိမ်းတုံးရဲ့ တန်ဖိုးက ဒီအတိုင်းပဲ ရောင်းရင် သိန်းထောင်ထင်ပါတယ်၊ပန်းပုထုရောင်းမယ်ဆိုရင်တော့ သိန်းသောင်းဂဏန်းကတော့သေချာပါတယ်”ဟု ဒေါက်တာဘွမ်ယွန်ကပြောသည်။
ယခုကဲသို့လှူ ဒါန်းရခြင်းအပေါ် ဝမ်းသာဂုဏ်ယူမိကြောင်း၎င်းက ယခုကဲ့သို့ဆိုသည်။
“ကိုယ့်ရဲ့ကျင်းကနေထွက်ရှိလာတဲ့ ကျောက်စိမ်းတွေကို အခုလို မိမိရဲ့ဒေသ၊မိမိရဲ့ လူမျိ ုး၊မိမိရဲ့နိုင်ငံအတွက်ပြန်လည်ပြီးမှ ကျေးဇူးဆပ်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်မိပါတယ်။”ဒေါက်တာ ဘွမ်ယွန်ကပြောသည်။
ထို့အပြင် အလှူ ရှင် ဒေါက်တာ ဘွမ်ယွန်အနေဖြင့် ၇၁နှစ်မြောက်ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြု သည့်အနေဖြင့် ယခုနှစ်(ဇန်နဝါရီလ ၁၆)ရက်နေ့တွင်မြစ်ကြီးနားလေဆိပ်၌ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံးတစ်တုံးစိုက်ထူလှူ ဒါန်းထားသည်။
ဒေါက်တာဘွမ်ယွန်အနေဖြင့် စစ်ကိုင်းတိုင်း အထွက် ကချင်ပြည်နယ် အဝင်နန့်စီအောင်မြို့နှင့် မြစ်ကြီးနားမြို့ လယ် ရထားဘိုတာအနီးတွင်ထပ်မံစိုက်ထူပြသပေးသွားဖို့ရှိကြောင်းသိရသည်။
လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။