Trending Now

မော်ဟန်တွင် Covid-19 ကြိုတင်ကာကွယ်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Spread the love

မော်ဟန်တွင် Covid-19 ကြိုတင်ကာကွယ်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး 

EPN
မိုးညှင်း မတ် ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် Covid-19 ကြိုတင်ကာကွယ်ရေးအတွက် မတ်လ (၃၀)ရက်နေ့နံနက် (၈)နာရီအချိန်က ဈေးအတွင်းရှိဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး စားသောက်ဆိုင် များအနေဖြင့် ပါဆယ်ထုပ်ဖြင့်သာ ရောင်းချရန် လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။

“ဈေးအရောင်းဆိုင်တွေ လုံးဝပိတ်စရာမလိုဘဲပုံမှန်ဈေးအတိုင်း ရောင်းချပြီး သက်ဆိုင်ရာက လမ်းညွှန်မှုနဲ့ အညီ ကျန်းမာရေးနှင့် ညီညွတ်အောင်ရောင်းချပြီး စားသောက်ဆိုင်များအနေနဲ့ ပါဆယ်ထုတ်ဖြင့် ရောင်းချဖို့ လိုအပ်ပါတယ် “ဟု မော်ဟန်ရွာ ဒေသအရံမီးသတ် တပ်ခွဲမှုး ဦးခင်မောင်ကျော်က ပြောကြားခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့မော်ဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးမှူး ဒေါ်စန်းအေးနှင့်အဖွဲ့ဝင်များ၊ ဒေသအရန် မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးခင်မောင်ကျော်နှင့် အဖွဲ့ဝင်များ၊ မော်ဟန်နယ်မြေရဲကင်းစခန်းမှ တပ်ကြပ်ကြီး ဇော်လင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မော်ဟန်ဒေသ ကြက်ခြေနီတပ်ဖွဲ့တပ်ခွဲမှူး ဦးဟန်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက မော်ဟန်ဈေး အတွင်း ဈေးဆိုင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အသိပညာပေးပြီး စားသောက်ဆိုင်များအား ပါဆယ်ထုတ်ပြီးရောင်းချရန် မှာကြားခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။