Trending Now

ကမ္ဘာ့ကြက်ခြေနီနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် လုံးခင်းကျေးရွာအုပ်စုတွင် ပြက္ခဒိန်များ၊ Mask များဝေခြင်းနှင့် လက်ဆေးခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်

Spread the love

ကမ္ဘာ့ကြက်ခြေနီနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် လုံးခင်းကျေးရွာအုပ်စုတွင် ပြက္ခဒိန်များ၊ Mask များဝေခြင်းနှင့် လက်ဆေးခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်

EPN
လုံးခင်း၊ မေ ၈

၂၀၂၀ ပြည့်နှစ် မေလ (၈)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုသောအားဖြင့် မေလ ၈ ရက်နေ့နံနက်က လုံးခင်းကျေးရွာအုပ်စု ကြက်ခြေနီလူငယ်မောင်မယ်များမှ နေရာငါးနေရာတွင် ပြက္ခဒိန်များ Mask များ ဝေခြင်းနှင့် လက်ဆေးခြင်း အသိပညာပေးသရုပ်ပြများ လုပ်ဆောင်ခဲ့ကြောင်း လုံးခင်း ကြက်‌ခြေနီတပ်ဖွဲ့မှ သိရသည်။

လုံးခင်းကျေးရွာအုပ်စုတွင် ကြက်ခြေနီပြက္ခဒိန်များ၊ Mask ဝေခြင်းနှင့် Mask ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ဆေးခြင်းများကို အမှတ်(၂)ကြက်ခြေနီတပ်ခွဲမှူး ဦးစံလွင် ဦးဆောင်ကာ ကြက်ခြေနီမောင်မယ် ၁၅ ဦးတို့က သရုပ်ပြများဖြင့် အသိပညာပေးခြင်းတို့ကို ပူးပေါင်းပြုလုပ်ခဲ့ ကြသည်။

“ဒီနေ့မနက်က လူစည်းကားတဲ့နေရာတွေနဲ့ လုံးခင်း၊ မှော်စီဆာ၊ ဖန်းခါးဆောင် Community Based Facility Quarantine Center လယ်ပြင်ဂိတ်၊ လုံးခင်းတံတားထိပ်၊ ရွာထဲလူစည်းကာနေရာတွေ၊ မှော်စီဆာရပ်ကွက် ရုံးရှေ့နဲ့ ငြိမ်းချမ်းသာယာရပ်ကွက်ရုံးရှေ့တွေမှာ ဖားကန့်ကြက်ခြေနီအဖွဲ့ကပေးပို့တဲ့ ကြက်ခြေနီ ပြက္ခဒိန် တွေနဲ့ ငြိမ်းချမ်းသာယာ အုပ်ချုပ်ရေးရုံးကလှူဒါန်းထားတဲ့ Mask တွေကို ဒေသခံကြက်ခြေနီအဖွဲ့နဲ့ လိုက်လံ ဝေငှရင်း Mask စနစ်တကျတပ်ဆင်နည်း၊ Covid -19 ရောဂါမကူးစက်‌စေဖို့အတွက် လက်ကိုစနစ်တကျ ဆေးကြောနည်းနဲ့ Covid -19 ကူးစက်ရောဂါအကြောင်း သိကောင်းစရာအသိပညာပေးလုပ်ခဲ့ပါတယ်”ဟု လုံးခင်း အမှတ်(၂) ကြက်ခြေနီတပ်ခွဲမှူး ဦးစံလွင်က ဆိုသည်။

အဆိုပါ ဝေငှခြင်းတွင် ပြက္ခဒိန်အခုရေ (၂၀၀)နှင့် Mask အခု‌ရေစုစုပေါင်း (၂၀၀)ကျော်ရှိပြီး အဆိုပါ Mask များကိုငြိမ်းချမ်းသာယာအုပ်ချုပ်ရေးရေးရုံးနှင့် အခြားအလှူရှင်များမှ ပေးပို့လှူဒါန်းထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။