Trending Now

KBZ ဘဏ်အကောင့်တွေကနေ သိန်း ၁၄၀၀ နီးပါး လိမ်လည်ထုတ်ယူသူ ၁၁ ဦးကိုဖမ်းမိ

Spread the love

KBZ ဘဏ်အကောင့်တွေကနေ သိန်း ၁၄၀၀ နီးပါး လိမ်လည်ထုတ်ယူသူ ၁၁ ဦးကိုဖမ်းမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁

အမျိုးသမီးနှစ်ဦးရဲ့ KBZ ဘဏ်အကောင့်တွေကနေ ငွေကျပ်သိန်း ၁၄၀၀ နီးပါးကို လိမ်လည်ထုတ်ယူသွားတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၅ ယောက်နဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ဖမ်းမိခဲ့တယ် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ဖေ့စ်ဘုတ်နဲ့ လူမှုကွန်ရက်များမှာ KBZ PAY LEVEL မြှင့်ပေးသည့်ဌာနမှ ဝန်ထမ်းပုံစံ အယောင်ဆောင် ဆက်သွယ်ခြင်းစသည့် နည်းလမ်းများဖြင့် လိမ်လည်ခံရမည့်သူများကို ရှာဖွေကြတဲ့အတွက် မိဘပြည်သူတွေအနေနဲ့လည်း အခုလိုလိမ်လည်ခံရတဲ့ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး အထူးသတိပြုကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ KBZ ဘဏ်အကောင့်က ငွေကျပ်သိန်း ၁၀၂၀ နဲ့ ဖေဖော်ဝါရီ ၉ ရက်က ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဏ်အကောင့်က ငွေကျပ်သိန်း ၃၇၀ တို့ကို လိမ်လည်ထုတ်ယူသွားတဲ့ အတွက် သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ ငွေကြေးလိမ်လည်လွှဲပြောင်းရယူရာမှာ အသုံးပြုတဲ့ ဘဏ်အကောင့်တွေကို ဖွင့်လှစ်ရောင်းချခဲ့တဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကိုဖေဖော်ဝါရီ ၁၂ ရက်မှာ စုံစမ်းဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်ရေး ကွန်ရက်အသုံးပြုပြီး ငွေကြေး လိမ်လည်လွှဲပြောင်းထုတ်ယူသူတွေဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ သူရဲ့ ဇနီးဖြစ်သူတို့ကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာမှာ သက်သေခံပစ္စည်း၊ ငွေတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ငွေကြေးလိမ်လည်လွှဲပြောင်းထုတ်ယူရာမှာ ပူးပေါင်းပါဝင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၃ ယောက်ကို Star City အိမ်ရာမှာပဲ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေ တယ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ငွေကျပ်သိန်း ၁၄၀၀ ဝန်းကျင်ကို လိမ်လည်လွှဲပြောင်းရယူခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၅ ယောက် နဲ့ မြန်မာနိုင်ငံသား ၆ ယောက်တို့ကို ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေပြီး ငွေကြေး လိမ်လည်ရာမှာ ပူးပေါင်းပါဝင်တဲ့ နိုင်ငံပြင်ပ ရောက်ရှိနေသူတွေကိုလည်း နိုင်ငံတကာရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။