Trending Now

မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်၌ ဆိုင်ကယ် သူခိုးအား ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီး

Spread the love

မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်၌ ဆိုင်ကယ် သူခိုးအား ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီး

EPN
မြစ်ကြီးနား၊ မတ် ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်လမ်းသွယ် ၂၄ ထိပ် ဖုန်းဆိုင်အရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်အား ခိုးယူနေသည့် သူခိုးကို အနီးရှိ ပြည်သူများ က ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယနေ့ ည ၇ နာရီ ကျော် အချိန်ခန့်က ခေမာသီရိ လမ်းသွယ် (၂၄)ထိပ်အနီးရှိ ဖုန်းဆိုင်နှင့် ဆိုင်ကယ် ဝပ်ရှော့ဆိုင်အရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် အား ခိုးယူနေချိန်တွင် အနီးရှိပြည်သူများ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဆိုင်ကယ်သူခိုးကို ဖမ်းဆီးရမိကြောင်း ဆိုင်ကယ် ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကျမတို့ ဒီဆိုင်ရှေ့မှာ ဆိုင်ကယ်တွေ အများကြီးရပ်ထားတာ ပထမ ခိုးသွားတာ ဆိုင်ကလုံး ဘီးဟုတ်တယ် နာရီအနည်းငယ်အကြာမှာ နောက်ထပ် ဆိုင်ကယ်တစ်စီး လာပြန်ခိုးတာ အဲ့အချိန်မိတာ အနီးပတ်ဝန်းကျင်က ဝိုင်းဖမ်းပေးလို့ မိတာ သူခိုးလက်ထဲမှာလည်း ပိုက်ဆံတွေအများကြီး ပါတယ်”ဟု ၎င်းပြောပြသည်။

ယင်းသူခိုးအား လက်ပြန်ကြိုး တုပ်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းအား ပို့ဆောင်ရန် စီစဉ်နေစဉ် နယ်မြေခံ ရဲများ ရောက်ရှိလာပြီး ဆိုင်ကယ်သူခိုးအား ခေါ်ဆောင်သွားကြောင်း ခေမာသီရိ ရပ်ကွက် လမ်းသွယ် ၂၄ အနီး နေထိုင်သူများထံက သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။