Trending Now

တရုတ်တပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည့်ရန်ပွဲကြောင့် ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် အိန္ဒိယတပ်ဖွဲ့ဝင် သုံးဦး ကျဆုံး

Spread the love

တရုတ်တပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည့်ရန်ပွဲကြောင့် ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် အိန္ဒိယတပ်ဖွဲ့ဝင် သုံးဦး ကျဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

နှစ်နိုင်ငံနယ်စပ်ဒေသ၌ လိပ်ခဲတည်းလည်းအခြေအနေ ဆက်လက်ဖြစ်ပွားနေစဉ် အိန္ဒိယတပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် စစ်သည်နှစ်ဦးမှာ လာဒါဒေသ၊ ဂါလ်ဝမ်ချိုင့်ဝှမ်းတွင် တပ်စွဲထားသော တရုတ်တပ်ဖွဲ့များ နှင့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုကြောင့် ယနေ့ သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုမှာ ယမန်နေ့ညနှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

“မနေ့ညပိုင်းက နှစ်ဖက်တပ်ဖွဲ့တွေကြား ရန်ပွဲမှာ သေဆုံးမှုအချို့ ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အရာရှိတစ်ဦးနဲ့ စစ်သည်နှစ်ဦး ပါဝင်ပါတယ်” ဟု တရားဝင် ထုတ်ပြန်ချက်တစ်ခုအတွင်း အိန္ဒိယတပ်မတော်က ပြောသည်။

တင်းမာမှုအခြေအနေ လျော့ချနိုင်ဖို့ နှစ်ဘက်စလုံးက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ယခု အစည်း အဝေးပြုလုပ်နေကြပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်က ဆိုသည်။ တရုတ်တပ်ဖွဲ့ဘက်တွင်လည်း သေဆုံးမှုအ ချို့ရှိခဲ့ကြောင်း အိန္ဒိယ သတင်းရပ်ကွက်များက ပြောကြားသည်။

အကြမ်းဖက်ရန်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာဂျ့်နတ်ဆင်းက ကာကွယ်ရေးဦးစီး ချုပ် ဘီပင်ရာဝပ်၊ ကြည်း၊ရေ၊လေတပ်ချုပ်များ၊ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာတို့နှင့် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

ယခုဖြစ်ရပ်မှာ ၁၉၇၅ ခုနှစ်နောက်ပိုင်း လူသေဆုံးမှုရှိသည့် ပထမဆုံးသော အကြမ်းဖက်ရန်ပွဲ ဖြစ်လာ ခဲ့သည်။ တရုတ်နှင့်ထိစပ်နေသည့် နယ်စပ်တစ်လျောက် အခြေအနေအားလုံးကု ထိန်းချုပ်နိုင်ပြီဟု အိန္ဒိယကြည်း တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မာနော့ဂျ်မူကန်နာရာဗာနီက ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျောက်က အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီလို့ ကျွန်တော် ပြောချင်ပါတယ်။ အဆင့်အလိုက် သက်ဆိုင်ရာ တပ်မှူးတွေကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။

–ကိုးကား–
အိန္ဒိယကွန်း
Ref; Colonel Rank Officer, 2 Jawans Killed in ‘Violent Face-Off’ With Chinese Troops in Galwan Valley of Ladakh


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။