Trending Now

ခန္တီးမြို့နယ်တွင် ပြည်သူ (၅၀)ကျော်အား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

Spread the love

ခန္တီးမြို့နယ်တွင် ပြည်သူ (၅၀)ကျော်အား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

EPN
မြစ်ကြီးနား၊ ဧပြီ ၁၁ (၂၀၂၄)

ခန္တီးမြို့နယ်၊ နန်စီပွန်ကျေးရွာအနီးတွင် ပြည်သူ (၅၀)ကျော်အား KIA အဖွဲ့မှ ဧပြီ ၈ ရက်နေ့၊ ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နန်စီပွန်ကျေးရွာမှ နာရီဝက်ကြာ သွားရသည့် မြကျွန်းသာရွှေမှော်တွင် ဒေသခံပြည်သူများ မိမိစားဝတ်နေရေးအတွက် ရွှေတူးဖော်လုပ်ကိုင်နေရပြီး၊ ယင်းနေရာရှိပြည်သူ ၅၀ကျော်ကို KIA အဖွဲ့မှ ၈ ရက်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” ညအချိန်မှာ လာဖမ်းသွားတာ ဟုတ်တယ်။ လူဦးရေ ၅၀ ကျော်လောက်ရှိမယ်။ ဖမ်းသွားတာကလည်း ယောက်ျားလေးတွေပဲ။ အခုချိန်ထိတော့ ဘယ်ကိုခေါ်သွားတာလည်းဆိုတာ မသိရသေးဘူး ” ဟု ၎င်းကဆိုသည်။

KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေရသူများဖြစ်ပြီး၊ ယင်းကဲ့သို့ ဖမ်းဆီးမှုကြောင့် မိသားစုအတွင်း အခက်ခဲများ ကြုံတွေ့နေရကြောင်းနှင့် အတင်းအဓမ္မ ဖမ်းဆီးခြင်းများကို မပြုလုပ်သင့်ကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

“အခုဖမ်းသွားတဲ့လူတွေက မိသားစုမှာအခက်အခဲတွေရှိလို့ အလုပ်လုပ်နေကြတဲ့သူတွေပဲ။ အဲ့ဒီလိုဖမ်းသွားတော့ ကျန်ခဲ့တဲ့ မိသားစုတွေအတွက် အခက်အခဲတွေအများကြီး ကြုံရတယ်။ အခုလို ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီးတော့အတင်းအဓမ္မ ဖမ်းဆီးတာတွေ မပြုလုပ်သင့်ပါဘူး ” ဟု ၎င်းကပြောသည်။

နန်စီပွန်ကျေးရွာရှိ မြကျွန်းသာရွှေမှော်တွင် မြေစာပုံများရှိသည့်အတွက် ယင်းနေရာတွင် ညအိပ်ကာ မိသားစုစားဝတ်နေရေးအတွက် ကျောက်မျောတိုက်ပြီး ရွှေတူးဖော်မှုများကို လုပ်ကိုင်နေကြကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။