Trending Now

ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းခွဲကျော် ဖမ်းဆီးရမိ

Spread the love

ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းခွဲကျော် ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ မေ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ လုံးတုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မေလ (၂၈) ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် မော်တော်ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းခွဲကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ လုံးတုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နယ်မြေခံ ရဲတပ်ဖွဲ့များ က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဝေလုအောင် ဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၂၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများသည် ဒေသကာလပေါက်ဈေးအားဖြင့် တန်ဖိုးငွေ ကျပ် (၂၄၃) သိန်းခန့် ရှိကြောင်း သိရသည်။

ယင်း မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ဝေလုအောင် (၂၇) နှစ် အား လုံးတုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။