Trending Now

ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး ပထမေန႔ စတင္က်င္းပ

Spread the love

ဒုတိယအႀကိမ္ကခ်င္ျပည္နယ္လႊတ္ေတာ္အထူးအစည္းအေဝးပထမေန႔စတင္က်င္း

EPN
ျမစ္ႀကီးနား ဧၿပီ

ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (/၂၀၁၉) ပထမေန႔ကို ယေန႔ ဧၿပီလ ရက္ေန႔ နံနက္ပိုင္းတြင္ျမစ္ႀကီးနားၿမိဳ႕  ျပည္နယ္လႊတ္ေတာ္႐ုံးအစည္းအေဝးခန္းမ၌ က်င္းပရာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးထြန္းတင္ႏွင့္လႊတ္ေတာ္ကိုယ္စားလွယ္ ၄၉ ဦးတက္ေရာက္ခဲ့သည္။

အစည္းအေဝးတြင္ေခါင္လန္ဖူးၿမိဳ႕နယ္မွနယ္စပ္ေက်းလက္ေဒသတြင္ ေနထိုင္ေသာ ေက်းလက္ ေနျပည္သူလူထုမ်ားကို ဆက္သြယ္ေနထိုင္ေရး၊လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေစေရးအတြက္ခီဆီဒီေက်းရြာမွေက်းရြာ()ရြာအပါအဝင္လန္ဟီဇယ္ေတာင္ႏွင့္ေဆာ့ေလာ္ၿမိဳ႕နယ္နယ္နမိတ္ထိ(၂၈)မိုင္အား တဆက္တစပ္တည္းရြာခ်င္းဆက္လမ္းအျဖစ္လည္းေကာင္း၊ေခါင္လန္ဖူးၿမိဳ႕နယ္ႏွင့္ေဆာ့ေလာ္ၿမိဳ႕နယ္ခ်င္းဆက္လမ္းအျဖစ္လည္းေကာင္း၁၈ေပအက်ယ္ကားလမ္းအျဖစ္ေဖာက္လုပ္ေပးနိုင္ရန္အစီအစဥ္ရွိ/မရွိေမးခြန္းေမးျမန္းသည္။

ထို႔အျပင္မိုးေမာက္ၿမိဳ႕နယ္၊ေဒါ့ဖုန္းယန္ၿမိဳ႕အပိုင္လြယ္ေမာက္ယန္ရြာ အလြန္ မိုးလဲေခ်ာင္းေကြ႕တြင္ဗန္းေမာ္ျမစ္ႀကီးနားလမ္းအားေခါင္းေရဦးတိုက္ေနၿပီးကမ္းပါးၿပိဳက်မႈမ်ားရွိရာေနရာတြင္ေရလမ္းေၾကာင္းေသာင္တူးဖယ္ရွားေပးျခင္း(သို႔မဟုတ္) ကမ္းထိန္းေက်ာက္စီေရကာတာေပ(၂၀၀)ခန႔္ ေဆာင္ရြက္ေပးရန္အစီအစဥ္ရွိ/ မရွိေမးခြန္းႏွင့္ပူတာအိုၿမိဳ႕ေအာက္  ပါအင္သြားလမ္း ေကာင္ကေထာင္ရပ္ကြက္မွပါအင္ရပ္ကြက္အဆုံးအထိသဲေက်ာက္လမ္းကို၂၀၁၉၂၀၂၀ ဘ႑ာေရးႏွစ္တြင္ခင္းေပးရန္ႏွင့္Boxculvert ()စင္း ေဆာင္ရြက္ေပးနိုင္ရန္အစီအစဥ္ရွိ/ မရွိေမးခြန္းမ်ားအပါအဝင္ေမးခြန္း()ခုကို ေမးျမန္းရာသက္ဆိုင္ရာျပည္နယ္ဝန္ႀကီးမ်ားကျပန္လည္ရွင္းလင္းေျဖၾကားခဲ့ၾကသည္။

အဆုိပါအထူးအစည္းအေဝးသုိ႔ေလ့လာသူမ်ားအေနျဖင့္ျမစ္ႀကီးနားၿမိဳ႕ရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ား၃၅ဦးတက္ေရာက္ေလ့လာခဲ့ေၾကာင္းသိရသည္။

ေကာင္းေကာင္း
—————————————————————- 

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ပထမနေ့ စတင်ကျင်းပ

EPN
မြစ်ကြီးနား ဧပြီ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (/၂၀၁၉) ပထမနေ့ကို ယနေ့ ဧပြီလ ရက်နေ့ နံနက်ပိုင်းတွင်မြစ်ကြီးနားမြို့  ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့်လွှတ်တော်ကိုယ်စားလှယ် ၄၉ ဦးတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ခေါင်လန်ဖူးမြို့နယ်မှ နယ်စပ်ကျေးလက်ဒေသတွင် နေထိုင်သော ကျေးလက် နေပြည်သူလူထုများကိုဆက်သွယ်နေထိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ခီဆီဒီကျေးရွာမှ ကျေးရွာ ()ရွာအပါအဝင်လန်ဟီဇယ်တောင်နှင့်ဆော့လော် မြို့နယ် နယ်နမိတ်ထိ (၂၈)မိုင်အား တဆက်တစပ်တည်း ရွာချင်းဆက်လမ်းအဖြစ်လည်းကောင်း၊ ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်ချင်းဆက်လမ်းအဖြစ် လည်းကောင်း ၁၈ ပေအကျယ်ကားလမ်းအဖြစ် ဖောက်လုပ်ပေးနိုင်ရန်အစီအစဉ် ရှိ /မရှိမေးခွန်း မေးမြန်းသည်။

ထို့အပြင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အပိုင် လွယ်မောက်ယန်ရွာ အလွန် မိုးလဲချောင်းကွေ့တွင် ဗန်းမော်မြစ်ကြီးနားလမ်းအား ခေါင်းရေဦးတိုက်နေပြီးကမ်းပါးပြိုကျမှုများရှိရာ နေရာတွင် ရေလမ်းကြောင်း သောင်တူးဖယ်ရှားပေးခြင်း(သို့မဟုတ်) ကမ်းထိန်းကျောက်စီရေကာတာ ပေ(၂၀၀)ခန့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်ပူတာအိုမြို့ အောက်  ပါအင်သွားလမ်း ကောင်ကထောင် ရပ်ကွက်မှ ပါအင်ရပ်ကွက်အဆုံးအထိ သဲကျောက်လမ်းကို ၂၀၁၉၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ခင်းပေးရန်နှင့်Boxculvert ()စင်း ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ/ မရှိ မေးခွန်းများအပါအဝင်မေးခွန်း ()ခုကိုမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါ အထူးအစည်းအဝေးသို့ လေ့လာသူများအနေဖြင့် မြစ်ကြီးနားမြို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၃၅ဦး တက်ရောက်လေ့လာခဲ့ ကြောင်းသိရသည်။

ကောင်းကောင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။