Trending Now

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်သွားတဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံရ

Spread the love

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်သွားတဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁

ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို စနေနေ့ နဲ့ တနင်္ဂနွေ နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်းကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၅ ဦးကို သောင်းဖာပွန်ခရိုင်နဲ့ ဆိုင်းရောက် ခရိုင်အတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဘက်က လူတွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားကို ဘတ်ငွေ တစ်သောင်းခွဲနဲ့ သုံးသောင်းကြားပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့ကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ ဖမ်းဆီးအရေးယူထားပြီး ပြန်လည်လွဲပြောင်းပေးအပ်ရေး လုပ်ငန်းစဉ်တွေကို ဆိုင်းငံထားတယ်လို့ ဆိုပါတယ်။

source – bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။