Trending Now

ဖားကန့်ဒေသတွင် လက်နက်ငယ်၊ ကျည်များနှင့်အတူ ကျပ်သိန်းပေါင်း ရှစ်ထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဖားကန့်ဒေသတွင် လက်နက်ငယ်၊ ကျည်များနှင့်အတူ ကျပ်သိန်းပေါင်း ရှစ်ထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ဖားကန့်၊မေ ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ယမန်နေ့က လက်နက်ငယ်၊ ကျည်များနှင့်အတူ ကျပ်သိန်းပေါင်း ၈ထောင်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ပန်းရောင်စိတ်ကြွ မူးယစ်ဆေးဝါး (၁၄၈၂၀၀)ပြား၊ ဘိန်းဆီခဲ အလေးချိန် (၃၃၀) ဂရမ်ခန့်၊ ဘိန်းဖြူ အလေးချိန် (၁၈၀) ဂရမ်ခန့်၊ ဘိန်းမဲ အလေးချိန် (၄၈၀၀)ဂရမ်ခန့် စုစုပေါင်း ကာလ တန်ဖိုး ကျပ်သိန်း(၈)ထောင်ခန့်နှင့် အတူ ပစ္စတို သေနတ် (၁)လက်၊ ကျည် (၅)တောင့်ပါ ကျည်အိမ် (၁)ခု၊ မော်တော်ယာဥ် (၁)စီးတို့ ပါဝင်ကြောင်း သိရသည်။

မေလ ၂၄ ရက်နေ့က မူးယစ်ဆေးဝါးဖမ်းဆီးရမိထားသည့် ဆက်စပ်သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါနေရာရှိ နေအိမ်အတွင်းသို့ ရှာဖွေပုံစံဖြင့် ဝင်ရောက်ရှာဖွေရာမှ ယင်း မူးယစ်ဆေးဝါးများနှင့်အတူ ပါဝင်ပတ်သက်သူ(၄)ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့်အတူ ဖမ်းဆီးထားမိသူများမှာ ဦးဇော်ဆိုင်း၊ (၅၆)နှစ်၊ ဒေါ်အေးယိမ်း၊ (၅၀)နှစ်၊ ဦးအန်ဘဲ့၊ (၆၆)နှစ်၊ အားဝိန်း၊ (၂၃)နှစ် ဆိုသူတို့ဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာမှ သက်သေခံ ပစ္စည်းများနှင့်အတူ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ၄င်းကိစ္စနှင့် ဆက်စပ် ပတ်သက်သူများကိုလည်း ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။