Trending Now

ရွှေတူးလို့ သစ်ပင်မရှိတဲ့ နေရာများ သစ်ပင် ပြန်လည်စိုက်ပျိုးဖို့ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးလမ်းညွှန်

Spread the love

ရွှေတူးလို့ သစ်ပင်မရှိတဲ့ နေရာများ သစ်ပင် ပြန်လည်စိုက်ပျိုးဖို့ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးလမ်းညွှန်

EPN
အင်းတော်ကြီး၊ ဇွန် ၆

အင်းတော်ကြီးဒေသ မိုင်းနောင်ရွာ အလယ် ဖြတ်သန်းစီးဆင်းနေသည့် ခေါင်းတုံး ချောင်း ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်ရာ နေရာသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဒုတိယအကြိမ်အဖြစ် လာရောက် ကွင်းဆင်းစဉ် ၀န်ကြီးမှ ရွှေတူးလို့ သစ်ပင်မရှိတဲ့ နေရာများကို သစ်တော သစ်ပင်များ ပြန်လည်စိုက်ပျိုးကြဖို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများ သို့ လမ်းညွှန်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာ အလယ်၌ ဖြတ်သန်းစီးဆင်းနေသော ခေါင်းတုံး ချောင်းရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်နေသည် အခြေအနေများအား ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းသည် ဌာနဆိုင်ရာများ လိုက်ပါလျှက် ဒုတိယအကြိမ်အဖြစ် ယနေ့ ဇွန်လ(၆)ရက် နံနက်ပိုင်း ၁၀နာရီအချိန်မှ စတင်၍ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

”သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေဖို့ ရေဝေရေလဲ ထိန်းသိမ်းရေး မြေဆီ လွှာတိုက်စားတာ မြေပြိုတာ သဲနှုန်းများအင်းထဲကို တိုက်ရိုက် မစီးဝင်နိုင်ရန်စတဲ့ သဘာဝ ဘေးအန္တရာယ်က ကြိုတင် ကာကွယ်တားဆီးနိုင်ဖို့ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်၊ အဓိက တော့ ရွှေတူး လို့ သစ်ပင်မပေါက်တဲ့ နေရာတွေမှာ သစ်တော၊ သစ်ပင်တွေပြန်လည်စိုက်ပျိုးဖို့ လိုအပ်တယ်” ဟု ၀န်ကြီးက လမ်းညွှန်ပြောကြားခဲ့သည်။

ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းနောင်ရွာ အလယ်မှ တောင်မှ မြောက်သို့ဖြတ်သန်းစီးဆင်းနေသော ခေါင်းတုံးချောင်း ရှင်းလင်းရေးပြုလုပ်သော ချောင်းထိပ် ကျောက်ဆင်ရုပ် ရေစစ်ကန် ပြုလုပ်ရာ နေရာ မိုင်းနောင်ရွာလယ်တံတား ခေါင်းတုံးချောင်းရှင်းလင်းရေနေရာ နှင့် အင်းတော်ကြီးကန် သို့ စီးဝင်သော ချောင်းထွက်ပေါက်နေရာများသို့ သွားရောက် ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို သဲနှုံးအနယ်များ အင်းထဲသို့ စီးဝင်ရောက်မှု တားဆီးနိုင်ရန် နေရာ(၃)နေရာ လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် “အင်းတော်ကြီး ဘေးမဲ့တော သဘာဝပတ်ဝန်းကျင်းထိန်သိမ်းရေး ဇီဝမျိုစုံမျိုးကွဲနှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေး ရမ်ဆာဒေသ နယ်မြေဖြစ်တယ် အဲဒီတရားမဝင် ရွှေလုပ်ငန်းများကိုလည် မကြာခဏဖမ်းဆီးမူတွေရှိပါတယ်၊ တရားမဝင် ရွှေတူးဖော်မူတွေရှိမယ် ဆိုရင် အင်းကြီးဟာတိမ်ကောပျက်စီးစေနိုင်ပါတယ်” ဟု ၀န်ကြီးက ဆိုသည်။

မိုးရာသီကာလ ရွာအတွင်း ရေးကြီးရေလျံမှု မရှိစေရန် ဘက်ဟိုး စက်ယန္တယားယာဉ် ၁၂စီးဖြင့် ချောင်းအရှည် ၄ မိုင် အကျယ် ၈၀ပေ အနက် ၇ပေ ရှိ ချောင်းရှင်းလင်းရေးကို စက်ပိုင်ရှင်များ၏ ကုန်ကျစရိတ်ဖြင့် ပြီးခဲ့သည့် မေလက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် သယံဇာတ ၀န်ကြီး အနေနှင့် ယခုကွင်းဆင်း စစ်ဆေးမှုသည် ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။