Trending Now

လိင်တူချင်းလက်ထပ်တာကို အသိအမှတ်မပြုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ဂျပန်တရားရုံးဆုံးဖြတ်

Spread the love

လိင်တူချင်းလက်ထပ်တာကို အသိအမှတ်မပြုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ဂျပန်တရားရုံးဆုံးဖြတ်

EPN

နိုင်ငံတကာ၊ မေ ၃၁

ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ တရားရုံးတစ်ရုံးက လိင်တူချင်း လက်ထပ်တာကို အစိုးရက အသိအမှတ်မပြုတာဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ စီရင်လိုက်ပါတယ်။

အိုင်းချိခရိုင်မှာရှိတဲ့ အသက် ၃၀ တန်း အမျိုးသားစုံတွဲ တစ်တွဲက လိင်တူချင်းလက်ထပ်တာကို အသိအမှတ်ပြုဖို့ ငြင်းပယ်တာဟာ အခြေခံဥပဒေကို ဆန့်ကျင်ရာရောက်တယ် ဆိုပြီး နိုင်ငံကနေ ထိခိုက်နစ်နာကြေးရရှိဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေက လွတ်လပ်စွာ လက်ထပ်ခွင့်နဲ့ တန်းတူညီမျှမှုကို အာမခံထားပါတယ်။

ဂျပန်အစိုးရက အခြေခံဥပဒေထဲမှာ လိင်တူမိတ်ဖက်တွေအကြား လက်ထပ်တာမျိုးကို လက်ခံတယ်လို့ ဖော်ပြထားတာ မရှိဘူး ဆိုပြီး တရားရုံးမှာ စောဒကတက်ခဲ့ပါတယ်။

အင်္ဂါနေ့က နာဂိုယာခရိုင်တရားရုံးမှာ တရားသူကြီးအကြီးအကဲ နီရှီမာယု က လိင်တူချင်းလက်ထပ်မှုကို အသိအမှတ်မပြုတာက ပြည်သူအားလုံးဟာ ဥပဒေအောက်မှာ တန်းတူဖြစ်တယ်လို့ ဆိုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ ကို ချိုးဖောက်ရာရောက်တယ်လို့ စီရင်ချက်ချခဲ့ပါတယ်။

ဒီလိုစီရင်ချက်ချတာရဲ့ အကြောင်းရင်းအဖြစ် လူတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာနဲ့ လိင်ပိုင်းဆိုင်ရာအရ တန်းတူဖြစ်မှုလိုအပ်ချက် ဆိုတဲ့ ရှုထောင့်ကနေ ဥပဒေတွေပြဌာန်းဖို့ တောင်းဆိုထားတဲ့ ပုဒ်မ ၂၄ ရဲ့ ဒုတိယအပိုဒ်ကို တရားသူကြီး က ရည်ညွှန်းပြောဆိုပါတယ်။

ဒါပေမဲ့ တရားစွဲသူတွေ နစ်နာကြေးတောင်းတာကိုတော့ သူက ပယ်ချခဲ့ပါတယ်။ လိင်တူချင်းလက်ထပ်တာကို အသိအမှတ်ပြုဖို့ အစိုးရက ပျက်ကွက်ခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး လို့ တရားရုံးတစ်ရုံးက ဆုံးဖြတ်တာဟာ ဒုတိယအကြိမ်ပါ။

ပထမအကြိမ်က ဆပ်ပိုးရိုးမြို့မှာ ၂၀၂၁ ခုနှစ်က ဖြစ်ပါတယ်။

source ; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။