Trending Now

ထိုင်း-မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ ၆ ဦးကို ထိုင်းစစ်တပ်က ပစ်သတ်

Spread the love

ထိုင်း-မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ ၆ ဦးကို ထိုင်းစစ်တပ်က ပစ်သတ်
EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂
ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံနယ်စပ်ဖြစ်တဲ့ ရွှေတြိဂံဒေသမှာ မူးယစ်မှောင်ခိုသမား ၆ ဦးကို ထိုင်းစစ်တပ်က အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့မနက်ပိုင်း အရုဏ်တက်ချိန်လောက်မှာ မြန်မာဖက်ကနေ ဖန်ခရိုင်ထဲကိုဝင်ရောက်လာတဲ့ လူ ၂၀ လောက်ရှိတဲ့အဖွဲ့နဲ့ နယ်စပ်ဒေသက ပြည်နယ် ၆ ခုရဲ့ လုံခြုံရေးကို ကိုင်တွယ်နေတဲ့ Pha Muang Task Force တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအတွင်း မူးယစ်မှောင်ခိုသမား ၆ ဦး သေဆုံးခဲ့ပြီး သူတို့သယ်လာတဲ့ အိတ် ၁၉ လုံးကနေ ကက်တမင်း ကီလို ၃၀၀ နဲ့ သေနတ် ၃ လက် ဖမ်းဆီးမိတယ်လို့ဆိုပါတယ်။
ထိုင်းစစ်တပ်ဟာ ပြီးခဲ့တဲ့ကလည်း မြန်မာနယ်စပ်အနီးမှာ မူးယစ်မှောင်ခိုသမား ၁၅ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ပါသေးတယ်။
မှောင်ခိုသမားတွေက စစ်သားတွေကို အရင်ပစ်ခတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကနေ သယ်ဆောင်လာကာ ထိုင်းနဲ့ လာအိုတို့က တဆင့် အာရှတစ်ဝှမ်းကို ဖြန့်ဖြူးလေ့ရှိတဲ့ စိတ်ကြွဆေး မက်တာဖက်သမင်းအများအပြား ဖမ်းမိခဲ့ကြောင်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
— AFP —
Ref; Thai army kills 6 suspected drug smugglers near Myanmar border

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။