Trending Now

ဒီမိုကရေစီပါတီသစ်(ကချင်)မှ COVID 19 ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်

Spread the love

ဒီမိုကရေစီပါတီသစ်(ကချင်)မှ COVID 19 ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်

EPN
ကံပိုင်တည်၊ ဧပြီ ၁၅

ကချင်အထူးဒေသ(၁) အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ဒီမိုကရေစီပါတီသစ် (ကချင်)မှ ၀ိုင်းမော်မြို့နယ် ကံပိုင်တည်မြို့တွင် COVID 19 ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ကံပိုင်တည်ဒေသ COVID 19 ထိန်းချုပ်ရေး လုပ်ငန်းကော်မတီမှ ကံပိုင်တည်ဒေသအတွင်း ပြည်တော်ပြန်များနှင့် Quarantine များ ထားရှိရန်နေရာများ စီစဥ်ဆောင်ရွက်နိုင်ရေးတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု NDP(KACHIN) အတွင်းရေးမှူး ဦးခေါတိန့်က ဆိုသည်။

“ကံပိုင်တည်ဒေသမှာ ပြန်တော်ပြန်များနဲ့ Quarantine များ ထားဖို့ နေရာစီစဥ်တဲ့နေရာတွေမှာ အသုံးပြုနိုင်အောင် ပေးအပ်ခဲ့တာဖြစ်ပါတယ်၊ ကံပိုင်တည် ဒေသဟာ တရုတ်-မြန်မာနယ်စပ် ဒေသဖြစ်ပြီး အ၀င်အထွက် များတဲ့နေရာ တစ်ခုဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ပါတီ အနေနဲ့ အလှူငွေ ပေးအပ်တာတွေအပြင် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးခေါတိန့်က ပြောပြသည်။

အဆိုပါ အလှူငွေကို ဒီမိုကရေစီပါတီသစ်(ကချင်)မှ အတွင်းရေးမှူး ဦးခေါတိန့်ဦးဆောင်သည့် ၀ိုင်းမော်မြို့နယ် ဒီမိုကရေစီပါတီအတွင်းရေးမှူး၊ ဝေမိုး၊ ကံပိုင်တည် ဒေသမှ ဗဟိုကော်မတီဝင် တို့သည် ဧပြီလ ၁၄ ရက်နေ့၊ ညနေပိုင်းက ကံပိုင်တည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ ဦးလာဝူ၊ နယ်မြေမီးသတ်စခန်းမှူး ဗိုလ်လေးအောင်သူရ၊ အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖွဲတို့ ပါဝင်သည့် ကံပိုင်တည်ဒေသ COVID 19 ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံကာ အလှူငွေ ၂၇ သိန်း တိတိ ကို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ကိုဖြိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။