Trending Now

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၉ ခု အပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့

Spread the love

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၉ ခု အပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့

 

EPN

မြစ်ကြီးနား ၊ မေ ၂၃

ဗီယက်နမ်နိုင်ငံမှ မေ ၁၂ ရက်မှ ၂၃ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များမှ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အားကစားအ ဖွဲ့သည် အားကစားနည်း ၂၀ မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုဗီနမ်အားကစားနည်းမှ ရွှေတံဆိပ် ၃ ခု၊ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ကာ ယဗလနှင့်ကာယကြံ့ခိုင်မှုမှရွှေတံဆိပ် ၁ ခု၊ Kurash အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ဘိလိ ယက်နှင့်စနူကာအားကစားနည်းမှရွှေတံဆိပ် ၁ ခု၊ပိုက်ကျော်ခြင်းအားကစားနည်းမှရွှေတံဆိပ် ၁ ခုနှင့်ပီတန်းအားကစားနည်းမှရွှေတံဆိပ် ၁ ခု(စုစု ပေါင်း ရွှေတံဆိပ် ၉ ခု)ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ဗိုဗီနမ်၊ဝူရှူး၊ကာယဗလနှင့်ကာယကြံ့ ခိုင်မှု၊ Kurash၊ဘိလိယက်နှင့်စနူကာ၊ပိုက်ကျော်ခြင်း၊ပီတန်း၊ဂျူဒို၊ပြေးခုန်ပစ်၊သေနတ်ပစ်၊ကနူး/ကယက်၊တိုက်ကွမ်ဒို၊အပြည်ပြည်ဆိုင်ရာလှေလှော်၊လက်ဝှေ့၊မြှားပစ်နှင့်အလေးမအားကစားနည်းတို့မှလည်း ငွေတံဆိပ် ၁၈ ခုနှင့်ကြေးတံဆိပ် ၃၅ ခုရရှိခဲ့သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ နိုင်ငံအ လိုက်ဆုရရှိမှုစာရင်းတွင် အဆင့် ၇ ၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။