Trending Now

စာရေးဆရာ မင်းယုဆွေမှ မိုးညှင်းခရိုင်ပြန်/ဆက်သို့ စာပေချစ်သူများအတွက် ရှားပါစာအုပ်တစ်ထောင်ကျော် ပေးလှူ

Spread the love

စာရေးဆရာ မင်းယုဆွေမှ မိုးညှင်းခရိုင်ပြန်/ဆက်သို့ စာပေချစ်သူများအတွက် ရှားပါစာအုပ်တစ်ထောင်ကျော် ပေးလှူ

EPN
မိုးညှင်း၊ ဧပြီ ၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် စာရေးဆရာအသင်း နာယကအဖွဲ့ဝင် ဦးအေးဆွေ စုဆောင်းထားသည့် စာအုပ်တစ်ထောင်ကျော် လှူဒါန်းပွဲအခမ်းအနားကို ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း မြို့နယ်စာရေးဆရာအသင်း ဥက္ကဌထံမှ သိရသည်။

“စာရေးဆရာ (မင်းယုဆွေ) နာမည်ရင်း ဦးအေးဆွေက စစ်တွေဇာတိ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး သူရေးခဲ့တဲ့ စာအုပ်တွေထဲက “ဥတ္တရ လွင်ပြင် ကချင်မြေ ခရီးသွား လမ်းညွှန်” စာအုပ် က ထင်ရှားလူကြိုက်များတဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ပေါ့။ သူက စာအလွန်ဖတ်တာ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က ခုလိုစာကောင်း ပေကောင်းတွေ မိုးညှင်းမှာ အလွယ်တကူဝယ်လို့မရတော့သူ ရန်ကုန် မန္တလေးဆင်းရင် အပြန်မှာ အဲ့အချိန်က နာမည်ကြီး ရှားပါးစာအုပ်တွေပဲ ဝယ်ခဲ့တာ။ ယနေ့အချိန်မှာတော့ သူလှူပေးတဲ့ တချို့စာအုပ်တွေက ဝယ်မရတာတွေ ရှိတယf” ၎င်းကပြောသည်။

ယနေ့စာအုပ် ပေးလှူရာတွင် အလှူရှင်ကိုယ်စား ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ပြုံးနှင့် သမီးဖြစ်သူ မဥမ္မာဆွေတို့မှ လာရောက်လှူဒါန်းရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးမှ လက်ခံရယူပြီး ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

“ဦးအေးဆွေကတော့ မိုးညှင်းတက္ကသိုလ်စာကြည့်တိုက်အတွက်လည်း အမှတ်တရအဖြစ် သက်ဆိုင်ရာစာပေအလိုက် ခွဲလှူပေးဖို့မှာလိုက်ပါတယ်။ အခက်အခဲ အမျိုးမျိုးကြောင့် တက္ကသိုလ်ကို မလှူဖြစ်တော့ပဲ စာပေချစ်သူတိုင်း အလွယ်တကူလာရောက် လေ့လာဖတ်ရှု့နိူင်တဲ့ နေရာမှာပဲ အားလုံးလှူဖြစ်တယ်။ စာအုပ်က စုစုပေါင်း ပီနံအိတ် ၁၅ အိတ်ရှိတယ်´´ဟု ဒေါ်ခင်ပြုံးထံမှ သိရသည်။

အဆိုပါ စာအုပ်များမှာ စာရေးဆရာ ဦးအေးဆွေမိုးညှင်းမြို့တွင်နေထိုင်စဉ် လွန်ခဲ့နှစ်‌ပေါင်း ၃၀ ကျော်က စုဆောင်းထားသော သုတ/ရသ၊ဘာသာပြန် စာအုပ်များအုပ်များဖြစ်ကြောင်း သိရသည်။ ၎င်းတို့ထဲမှ BURMA GAZETTEER. လို ရှားပါးစာအုပ်တွေ လည်းပါကြောင်း သိရသည်။ယနေ့အချိန်တွင် ၎င်းစာအုပ်မှာ မြန်မာမော်ကွန်းတိုက်(National Archive)တွင် ဒေါ်လာ ၃ဝ ဖြင့် member ဝင်ကြည့်ရပြီး မိတ္တူကူးချင်လျှင် ၁၅ ဒေါ်လာပေးရကြောင်း စာပေချစ်မြတ်နိူးသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန်တွင် စာရေးဆရာ ဦးအေးဆွေသည် အသက် ၈၆ နှစ်ရှိပြီး ကျန်းမာစွာဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် မိသားစုနှင့်အတူ ပြောင်းရွေ့နေထိုင်လျှက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။