Trending Now

မိုးကောင်းမြို့တွင် မျိုးဆက်သစ်ကလေးများ ပညာသင်ကြားမှု မပြုလုပ်နိုင်ရန် အကြမ်းဖက်သမားများက ခြိမ်းခြောက်

Spread the love

မိုးကောင်းမြို့တွင် မျိုးဆက်သစ်ကလေးများ ပညာသင်ကြားမှု မပြုလုပ်နိုင်ရန် အကြမ်းဖက်သမားများက ခြိမ်းခြောက်

EPN
မြစ်ကြီးနား ၊ ဇွန် ၂၁

မိုးကောင်းမြို့တွင် မျိုးဆက်သစ်ကလေးများ ပညာသင်ကြားမှု မပြုလုပ်နိုင်ရန် အကြမ်းဖက်သမားများမှ စာသင်ကျောင်းများတွင် ဆန့်ကျင် ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲထားကြောင်း ပြန်ကြာရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။

မိုးကောင်းမြို့နယ်၊ နဝဒေးလမ်းမကြီးဘေးရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်ပေါက်သံပန်းတံခါးတွင် အလျား ၆ ပေ၊ အနံ ၂ ပေခန့်ရှိ အဖြူရောင်ပိတ်စပေါ်တွင် အနီရောင်သင်္ဘောဆေးဖြင့် “သွေးစွန်းပညာရေးမှ ရုန်းထွက်ကြ” စာသားအားရေးသားကာ ကျောင်းဝတ်စုံ ၁ စုံအား သင်္ဘောဆေးအနီရောင်များ ပက်ဖြန်း၍ ချိတ်ဆွဲထားပြီး ကျောင်းအဝင်လမ်းပေါ်၌ သင်္ဘောဆေးအနီရောင်များ ပတ်ဖြန်းထားသည်ကို တွေ့ရှိရသဖြင့် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ် နှင့် ပတ်သက်၍ ကျောင်းသား/သူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ခြိမ်းခြောက်အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။