Trending Now

ဖားကန့်မြို့တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား၊ မေလ ၁၉

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ နယ် ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးထံမှ ယမန်နေ့ည ၆နာရီကျော်အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာအနီးတွင် မမာဆိုင်း စီးနင်းမောင်းနှင်လာသည့် မော် တော်ဆိုင်ကယ်အား သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ပလတ်စတစ်လက်ဆွဲ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၄၂ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါမူးယစ်ဆေးဝါးနှင့်ပက်သက်၍ မမာဆိုင်း (၂၉)နှစ်အား ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားလျှက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။