Trending Now

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသို့ အခြေခံစား​ေသာက်ကုန်များ ထောက်ပံ့ပေးအပ်

Spread the love

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသို့ အခြေခံစား​ေသာက်ကုန်များ ထောက်ပံ့ပေးအပ်

EPN
မိုးမောက်၊ မေ ၈

မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများသို့ အခြေခံစား​ေသာက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ ကို မေ ၈ ရက် ယနေ့၊ နံနက် ၉ နာရီက မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းက်ိုက အမှာစကား ပြောကြားခဲ့ပြီး ထွေအုပ်ဝန်ထမ်း ၅၂ဦး အတွက် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်ခဲ့ရာ ဝန်ထမ်းများက အသီးသီး လက်ခံရယူခဲ့​ကြသည်။

ယင်းသို့ ထောက်ပံ့သည့် အခြေခံ စားသုံးကုန် ပစ္စည်းများမှာ ကချင်ပြည်နယ် အစိုးရအဖွဲမှ ထောက်ပံ့ခြင်း ဖြစ်ပြီး ေထွအုပ်ဝန်ထမ်း တစ်ဦးလျှင် ဆန်(၈)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကုလားပဲ(၅၀) ကျပ်သားစီ ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။