Trending Now

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး သေဆုံး

Spread the love

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူ ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ၂၄နာရီအတွင်း ဘီဟာပြည်နယ် ဒေသများစွာတွင် မိုးကြိုးပစ်ခတ်မှုများကြောင့် သေဆုံးမှုများ ဖြစ်ပေါ် ခဲ့သည်။

“ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့တစ်ရက်အတွင်း လူ ၁၁ဦးသေဆုံးခဲ့ပါတယ်။” ဟု ဒေသန္တရ အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်တိုင်းအတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၅၂၉၄ စီ ပံ့ပိုးမည်ဟု ဘီဟာပြည်နယ် ဝန်ကြီးချုပ် နီတက်ရှ်ကူးမားက ကြေညာခဲ့သည်။

မိုးကြိုးပစ်ခံရပြီးသေဆုံးသွားသူနှင့် ၎င်းတို့၏ မိသားစုများအတွက် ဝမ်းနည်းမိကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။ ရာသီဥတုဆိုးရွားနေ ချိန်တွင် ဂရုစိုက်ကြ ရန် ဝန်ကြီးချုပ်က ပြည်သူများသို့ မေတ္တာရပ်ခံခဲ့သည်။

ရာသီဥတုဆိုးရွားမှုအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးမှ ထုတ်ပြန်ထားသော ကြိုတင်ကာကွယ်မှုများ တင်းကျပ်စွာ လိုက်နာကြရန် ၎င်းက ပြည်သူများသို့ တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည်အပတ်ကလည်း ဘီဟာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခတ်မှုကြောင့် လူ ၈၃ ဦး သေဆုံးခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ အနောက်တောင်မုတ်သုံလေ တိုက်ခတ်နေပြီး ဒေသအများစုတွင် မိုးသည်းထန် စွာ ရွာသွန်းမှုများ ကြုံတွေ့နေရသည်။

–ကိုးကား–
ဆင်ဟွာ
Ref; Lightning, thunderstorm kills 11 in India’s Bihar


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။