Trending Now

ဗြိတိန်ဝန်ကြီးချုပ်က ‘အမှားများ’ အတွက် တောင်းပန်သော်လည်း ရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့

Spread the love

ဗြိတိန်ဝန်ကြီးချုပ်က ‘အမှားများ’ အတွက် တောင်းပန်သော်လည်း ရာထူးမှ ဆင်းပေးရန် ငြင်းဆိုခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၈

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် သည် ၎င်းချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒ အမှားအယွင်းများအတွက် တောင်းပန်ခဲ့သော်လည်း ရာထူးမှ နုတ်ထွက်ရန် ငြင်းဆိုခဲ့သည်။

စံချိန်တင်ငွေကြေးဖောင်းပွမှုအဆင့်များကြားတွင် ကြီးမားသောအခွန်ဖြတ်တောက်မှုများမှတစ်ဆင့် စီးပွားရေးတိုးတက်မှုဆီသို့ ထိန်းကျောင်းရန် သူမ ကြိုးပမ်းခဲ့သော်လည်း အဆိုပါ လှုပ်ရှားမှုများသည် နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍကို ပိုမိုဆိုးရွားစေမည်ဟူသော စိုးရိမ်မှုများကြောင့် ဒေါ်လာနှင့်ပေါင်တန်ဖိုးကျဆင်းသွားခြင်းအပါအဝင် ဈေးကွက်အရှုပ်အထွေးများဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့်လက ဝန်ကြီးချုပ်ဖြစ်လာသော ထရပ်စ် သည် တနင်္လာနေ့က BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူမသည် တာဝန်ယူမှုကို လက်ခံလိုကြောင်းနှင့် အမှားများအတွက် ပြည်သူများအား တောင်းပန်ကြောင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထရပ်စ်က စီးပွားရေးတည်ငြိမ်မှုကို ပြန်လည်ရရှိရန် မဟာဗျူဟာအသစ်ဖြင့် ဘဏ္ဍာရေးဝန်ကြီးနေရာတွင် တာဝန်ထမ်းဆောင်နေသည့် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းကို ဖြုတ်ချပြီး အဓိပတိအသစ်တစ်ဦးကို ခန့်အပ်လိုက်ကြောင်း ပြောကြားခဲ့သည်။

သူမကို ရာထူးက ဆင်းပေးရန် တောင်းဆိုမှုများသည် သူမ၏ ကွန်ဆာဗေးတစ်ပါတီတွင်းကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူမကို ရာထူးမှ ထုတ်ပယ်ရန်အတွက် လွတ်တော်အမတ်များက အခုသီးတင်းတစ်ပတ်အတွင်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ထရပ်စ်က လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီကို ဦးဆောင်သွားမည်ဟု အခိုင်အမာ ပြောဆိုခဲ့ပြီး “ကျွန်မတို့ အရမ်းခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရပါတယ်။ ကွန်ဆာဗေးတစ်ပါတီအကြောင်း ပြောဖို့ဆိုတာထက် ကျွန်မတို့ ဘာလုပ်ဖို့လိုအပ်နေတယ်ဆိုတာပါပဲ။ အဲဒါက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပေးချင်တဲ့ မက်ဆေ့ချ်ပါပဲ။ ဟု ထရပ်စ်က ပြောဆိုခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီအတွင်းက လွတ်တော်အမတ်ပေါင်း ၁၁၀ ကျော်သည် ဝန်ကြီးချုပ်၏ ဦးဆောင်မှုအပေါ် အယုံအကြည်မရှိကြောင်းအဆိုကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ရွေးချယ်ရေး ကော်မတီအကြီးအကဲထံ ယခုရက်ပိုင်းအတွင်း တင်သွင်းသွားမည်ဟု ဆိုသည်။

အခွန်လျော့ချပေးမည်ဟု ကတိပေးခဲ့သည့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ထရပ်စ်သည် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရပါက အထွေထွေရွေးကောက်ပွဲ ထပ်မံကျင်းပရနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးက သတိပေးထားသည်။

— ကိုးကား —
NHK
Ref; British PM apologizes for ‘mistakes’ but declines to step down

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။