Trending Now

ရဟတ်ယာဉ်ပျက်ကျလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အပါအဝင် ၁၆ ဦး သေဆုံးခဲ့

Spread the love

ရဟတ်ယာဉ်ပျက်ကျလို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အပါအဝင် ၁၆ ဦး သေဆုံးခဲ့

EPN
နိုင်ငံကတာ၊ ဇန်နဝါရီ ၁၉

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ် အနီးမှာ ဗုဒ္ဓဟူးနေ့က ရဟတ်ယာဉ်ပျက်ကျလို့ ပြည်ထဲရေးဝန်ကြီး Denys Monastyrskyy အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ရဟတ်ယာဉ် ဟာ မြူထူထပ်နေတဲ့အချိန် ကလေးထိန်းကျောင်းအနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး ကလေးငယ်တွေ အပါအဝင် လူပေါင်း ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတာကြောင့် လေယာဉ်မှုးအမှားနဲ့ စက်ပိုင်ဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာဖြစ်နိုင်ကြောင်း နဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
nhk
ref; Ukrainian minister and 13 others die in Kyiv helicopter crash

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။